Knowledge
          ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များကို ဆိပ်ကမ်းများတွင် ကြိုစစ်စစ်ဆေးခြင်းကို အကောက်ခွန်ဦးစီးဌာနက လုပ်ဆောင်နေရာမှ ကညနနှင့်အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးသည့်ပုံစံ ပြောင်းလဲလုပ်ဆောင်သွားရန် ဒုတိယသမ္မတထံတင်ပြထားရှိခဲ့ပါတယ်။
          သို့သော်လည်း လုပ်ငန်းအဆင်မပြေသေး၍ အကောက်ခွန်ဦးစီးဌာနမှသာ ကြိုစစ်စစ်ဆေးခြင်းလုပ်ငန်း ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက နိုဝင်ဘာ ၁၀ ရက်က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
          အောက်တိုဘာ ၆ ရက်တွင် ကျင်းပသော ဒုတိယသမ္မတ(၁)နှင့်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ပတင်သွင်းယာဉ်များကို အကောက်ခွန်ဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနတို့ ပူးပေါင်း၍ တင်သွင်းလာသည့်ယာဉ်မှန်ကန်မှူရှိမရှိစစ်ဆေးပြီးမှ ယာဉ်ထုတ်ယူခွင့်ပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တင်ပြထားခဲ့ပါတယ်။
          ပြည်ပနိုင်ငံမှ ပုံမှန်တင်သွင်းလာသော မော်တော်ယာဉ်များကို ဆိပ်ကမ်းများတွင် ကြိုစစ်စစ်ဆေး၍ ကားပုံသဏ္ဍာန်ကို ရှေ့နောက် ဘေးဝဲယာ ဓာတ်ပုံရိုက်ယူကာ စစ်ဆေးနေခဲ့ပါတယ်။ ဓာတ်ပုံအထောက်အထားများနှင့် ကားအချက်အလက် အမျိုးအစား Grade များခွဲကာ လုပ်ဆောင်နေပြီး စီမံချက်နှင့်တင်သွင်းလာသော ကားများကိုသာ ကြိုစစ်စစ်ဆေးခြင်း မပြုဘဲ ဆိပ်ကမ်းမှထုတ်ယူခွင့်ပြုနေခြင်းဖြစ်ပါတယ်။
          "ပြည်ပကတင်သွင်းလာတဲ့ကားတွေကို နယ်စပ်မှာလိုမျိုးဆိပ်ကမ်းမှာလည်း ပုံမှန်တင်သွင်းလာတဲ့ကားတွေကို ကြိုစစ် စစ်ဆေးတာကို ကာစတန်ကပဲ ဆက်လက်လုပ်ဆောင်သွားမယ်။ တကယ်လို့ အကြောင်းတစ်ခုခုကြောင့် ယာဉ်ကမှားယွင်းနေတာတို့ ပြောင်းလဲထားတဲ့ကားဆို ကညနကသိနိုင်အောင် ကာစတန်ကအသုံးပြုတဲ့ Software ကိုပေးထားမှာပါ "ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ် သို့ ပြောကြားချက်အရ သိရပါတယ်။
          နယ်စပ်မှတစ်ဆင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ မော်တော်ယာဉ်အား မြဝတီကုန်သွယ်ရေးဇုန်အတွင်း ကြိုတင်စစ်ဆေးပြီးမှ ထုတ်ယူခွင့်ပြုနေသော်လည်း ဆိပ်ကမ်းများတွင် အကောက်ခွန်ဦးစီးဌာနမှသာ ယာဉ်အားကြိုစစ် စစ်ဆေးမှူပြုလုပ်သွားမည်ဖြစ်ပါတယ်။သို့ဖြစ်ရာ ဆိပ်ကမ်းမှကားများထုတ်ယူပြီးမှသာ သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနသို့ ယာဉ်မှတ်ပုံတင်ရန် သွားရောက်အစစ်ဆေးခံပြုလုပ်ရမည်ဖြစ်ပါတယ်။
Source : Myanmar Time
Published in Transportation
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂၅/ ၂၀၂၀) အရ မြန်မာ့အကောက်ခွန်နှုန်း စာရင်း ၂၀၁၇ ဖြင့် ပြောင်းလဲချိတ်ဆက်ထားသည့် အာဆီယံ- ဩစတြေးလျ- နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် ၂၀၁၇ အား (၂၈.၂.၂၀၂၀) ရက်နေ့မှစ၍ အသုံးပြုမည် ဖြစ်ပါသောကြောင့် MACCS System တွင် HS Setting များ ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ပါတယ်။သို့ဖြစ်၍ ကြေညာတင်သွင်းသူများအနေဖြင့် ASEAN - AANZ FTA (Form - AANZ) အား (၂၈.၂.၂၀၂၀) ရက် (သောကြာနေ့) တွင် စတင်သုံးစွဲမည်ဖြစ်သောကြောင့် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက အောက်ပါပုဂ္ဂိုလ် များ၏ ဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
Published in Local Industry
ရည်ညွှန်းချက် 
>>>>>>>>
(၁) e-Government ဦးဆောင်ကော်မတီ၏ (၂၅.၄.၂၀၁၉) ရက်စွဲပါ စာအမှတ်၊ဆသ-၅/ e - Gov (Domain)/ ၂၀၁၉ (၄၃၈)
(၂) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၏ (၂၀.၆.၂၀၁၉)ရက်စွဲပါ စာအမှတ်၊ ၁-ကထ/ ၂၀၁၉ (၀၅၇)
၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ Www.myanmar customs.gov.mm အမည်ရှိ Website အား (၁.၁၁.၂၀၁၁) ရက်နေ့မှစတင်၍ လွှင့်တင်သုံးစွဲလျက် ရှိပါသည်။ ထိုသို့ အသုံးပြုလျက်ရှိသော Domain Name များအား “မြန်မာနိုင်ငံကိုယ်စားပြု Country code. (.mm) အမည် ပါဝင်ပြီးဖြစ်သည့်အတွက် စကားလုံးကျစ်လျစ်မှုရှိစေရန် Third Level Domain Name နေရာများတွင် Myanmar ဆိုသည့် စကားရပါအား အသုံးမပြုရန်ဟု " e-Government ဥိးဆောင်ကော်မတီမှ ရည်ညွှန်း (၁) ပါစာဖြင့် ညွှန်ကြားလာခဲ့ပါသည်။
၂။ အကောက်ခွန်ဦးစီးဌာန၏ Website အား ယခင်အသုံးပြုနေသည့် www.myanmarcustoms. gov.mm Domain Name အစား e-Government ဦးဆောင်ကော်မတီမှ အဆိုပြုထားသည့် www.customs.gov.mm သို့ ပြောင်းလဲပြင်ဆင်အသုံးပြုလိုကြောင်း ရည်ညွှန်း (၂) ပါစာဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြ၍ (၁.၈.၂၀၁၉) ရက်နေ့မှ စတင်ပြီး ပြောင်းလဲအသုံးပြုခဲ့ပြီး ဖြစ်ပါသည်။
ထိုသို့ ပြောင်းလဲသုံးစွဲမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ Website နှင့် MACCS Facebook စာမျက်နှာများတွင်လည်း (၂၃.၇.၂၀၁၉) ရက်နေ့၌ ကြိုတင်ကြေညာခဲ့ပြီးဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ လိပ်မူပါဌာနများအနေဖြင့် အကောက်ခွန်ဦးစီးဌာန၏ Website Domain Name အား www.customs.gov.mm ဟု ပြောင်းလဲအသုံးပြုနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
Zawgyi ဖြင့်ဖက်ရှု့ရန်
>>>>>>>>>>
အကောက်ခွန်ဦးစီးဌာန၏ Website Domain Name အား အမည် ပြောင်းလဲအသုံးပြု
ရည်ညွှန်းချက်
>>>>>>>>
77.jpg
Myanmar Logistics Guide
MACcs System ကို သုံးစွဲကြသည့် Private User များအနေဖြင့် (၅.၁.၂၀၂၀) ရက်နေ့ နောက်ပိုင်း၌ နောက်ဆက်တွဲ တွင်ဖော်ပြထားသော Error များ ဖြစ်ပေါ်ခဲ့ပါက သွင်းကုန်ထုတ်ကုန်လုပ်ငန်းများဆောင်ရွက်နေသူများသည် မိမိတို့၏ ပသက (အဟောင်း)အမှတ်များကို TIN Number Fomat ဖြင့် ထုတ်ပေးသော ပသက (အသစ်) အမှတ်များသို့ ပြောင်းလဲခြင်းအား ကုန်သွယ်ရေးဦးစီးဌာနသို့ သွားရောက်၍ အမြန်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထို့သို့ TIN No. သို့ ပြောင်းလဲဆောင်ရွက်ပြီး ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အကောက်ခွန်ဦးစီးဌာနသို့ အကြောင်းကြားလာသည့်နေ့ နောက်တစ်ရက်တွင်ကြေညာလွှာများကိုဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
Published in Local Industry
အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်အမှတ် (၀၀၆/၂၀၂၀)
Published in Latest News
၁။ Export Declaration (EDA) ၏ Type of Payment အကွက်တွင် ဖြည့်သွင်းရမည့် အချက်အလက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သဘောထားမှတ်ချက်အရ အောက်ဖော်ပြပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
Published in Rules & Regulations
ပို့ကုန်/ သွင်းကုန်လုပ်ငန်း လုပ်ဆောင်တဲ့ ကုမ္ပဏီအများစုဟာ သူတို့ရဲ့ ကုန်ကျစရိတ်တွေကို တတ်နိုင်သလောက်လျော့ချနိုင်ဖို့အတွက် Custom Duty Free (or) % လျော့ချနိုင်တဲ့ Certificate of Original (CO form) တွေကို မိမိတို့ ပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီထံမှ တောင်ခံပြီး Custom Duty သက်သာခွင့်ကို ခံစားလာကြပါတယ်။
Published in Rules & Regulations