Knowledge

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုရန်လိုအပ်သော ဒီဇယ်ဆီ (H.S.D) ၊ ပရီမီယမ်ဒီဇယ်ဆီ (P.H.S.D) နှင့် ဓာတ်ဆီ (OCtane-92) (၂၀၁၉ ခုနှစ် ဇွန်လအတွက် ) တို့ကို ကျပ်ငွေဖြင့် ၀ယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများကို (၁၁.၆.၂၀၁၉) ရက် (၁၄း၀၀)နာရီနောက်ဆုံးထားတင်သွင်းရန် ဖိတ်ခေါ်ထားခဲ့ပါတယ်။

Published in Tenders

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ဒသမ၆ သန်း ကျော် တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော်ရှိသော်လည်း ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန် ၄၄၀၀၀၀ ကျော်နှင့် ဒေါ်လာသန်း ၃၂၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Published in Export & Import

မြန်မာ့ စီးပွားရေး  နှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌါန   အဆိုအရ  အလားတူကာလ နှင့်   ပြီးခဲ့သည့်  ယခင်နှစ်ကာလအား  နှိုင်းယှဉ်ပါက    ကန်ဒေါ်လာ ၉၇၀ သန်းကျော်လွန်ကာ  ယခုဘဏ္ဍနှစ်  ၁၀ လအတွင်း  ကန်ဒေါ်လာ ၂.၃  ဘီလီယံ တန်ဖိုးရှိ လောင်စာများ  တင်သွင်းခဲ့သည်။  

Published in Export & Import

          ပြည်တွင်းစက်သုံးဆီ ဈေးကွက်၌ အောက်တိန်းဆီနှစ် မျိုး ဈေးသိသိသာသာ ကျဆင်းခဲ့ပြီးအောက်တိန်း -92 တစ်လီတာ လျှင် ကျပ် ၁,၀၀၀ အောက်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။အောက်တိန်း-92 သည် ပြီးခဲ့သည့် တစ်လကျော် (စက်တင် ဘာ ၂၀ ရက်)ကစ၍ တစ်လီတာ လျှင် ကျပ် ၁,၀၀၀ ကျော်သို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာလလယ်က အမြင့်ဆုံးဈေးအဖြစ် တစ်လီတာ ၁,၀၆၅ ကျပ်အထိ ရှိခဲ့သည်။

 

          သို့သော် နိုဝင်ဘာ ၉ ရက် တွင် အောက်တိန်း -92 တစ်လီ တာလျှင် ၉၈၅ ကျပ်သို့ ရောက် ရှိခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်က တစ် လီတာလျှင် ကျပ် ၂၀ ထပ်မံ ကျ ဆင်းခဲ့ပြီး‘‘အောက်တိန်း - 92 က တော့ ရှေ့ဆက်လည်း ကျလာနိုင် တယ်။ ငွေဈေးနဲ့ ရေနံစိမ်းဈေးကျ ဆင်းမှုရဲ့ အကျိုးဆက်လို့ ပြောနိုင်တယ်’’ဟု စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ အခြားစက်သုံးဆီအမျိုးအစားများလည်း ယခုလအတွင်း ဈေးကျသော်လည်း တစ်လီတာ လျှင် ကျပ် ၁,၀၀၀ အထက်တွင် ရှိနေဆဲ ဖြစ်ပါတယ်။

 

          နိုဝင်ဘာ ၁၀ ရက်က အောက်တိန်း -95 တစ်လီတာလျှင် ၁,၀၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁,၀၇၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁,၀၇၅ ကျပ်ဈေး ရှိခဲ့ပါတယ်။အဆိုပါ စက်သုံးဆီများသည် အောက်တိုဘာလကုန်ကစ၍ ဈေးကျဆင်းလာပြီး အမြင့်ဆုံးဈေးနှုန်းဖြစ်ခဲ့သည့် အောက်တိုဘာ တတိယပတ်ကထက် တစ်လီတာလျှင် ၂၅ ကျပ်မှ ၅၀ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။

 

          အောက်တိန်း -95 သည်နိုဝင် ဘာ ၁၀ ရက်က တစ်လီတာလျှင် ကျပ် ၃၀ ကျဆင်းပြီး ဒီဇယ် ဆီနှစ်မျိုးသည် ဈေးနှုန်းအပြောင်း အလဲ မရှိခဲ့ပေ။ထိုသို့ စက်သုံးဆီဈေးနှုန်းကျ ဆင်းရေးနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်က လည်း နိုဝင်ဘာ ၆ ရက်တွင် စက် သုံးဆီလုပ်ငန်းရှင်များနှင့် တွေ့ ဆုံခဲ့ပြီးထိုသို့ တွေ့ဆုံမှုမပြုလုပ်မီ ကတည်းက ပြည်တွင်းစက်သုံးဆီ ဈေး ကျဆင်းနေခဲ့ပြီး ၀န်ကြီးချုပ် နှင့် တွေ့ဆုံပြီးနောက်တွင် ဆက်လက်ကျဆင်းခဲ့ပါတယ်။

 

          ထို့အပြင် ပြည်တွင်းစက်သုံး ဆီ ရန်ကုန်အထိုင်ဈေးကို မကြာမီ တစ်လီတာလျှင် ကျပ် ၁,၀၀၀ အောက်ရောက်ရှိစေရန် ဆောင်ရွက်နေကြောင်း မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့် စင်က နိုဝင်ဘာ ၈ ရက်တွင် ပြော ကြားပြီး နောက်တစ်ရက်တွင် အောက်တိန်း-92 သည် ကျပ် ၁,၀၀၀ အောက်သို့ ရောက်ရှိခဲ့ပါတယ်။

 

Sourve : 7 day

Published in Industry News

အောက်ဖော်ပြပါ ဈေးနှုန်းများသည် အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။

Published in Local Industry





အောက်တိုဘာ ၁၈ ရက်တွင် ကမ္ဘာ့ရေနံဈေး ၅၃ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ ပြီးခဲ့သည့် တစ်ပတ်ထက် တစ်လီတာ ၁၀ ကျပ် ဆက်လက် မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိပါတယ်။




