Knowledge

အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းက Long Beach ဆိပ်ကမ်း၊ Total Terminal International ၏ Pier T terminal တွင် ကရိန်းမောင်းသူနှစ်ဦး (Branko Sindicich နှင့် John Gabriellini) က ကရိန်းတစ်လက် တည်းဖြင့် အလုပ်ချိန် ၈ နာရီ တစ်ဆိုင်းအတွင်း ပေ၂၀ ကုန်သေတ္တာ ၅၆၄ လုံးကို သင်္ဘော အတင်အချပြုလုပ်ပြီး ကရိန်းတစ်လက်၏ စွမ်းဆောင်နိုင်မှု (crane productivity) အများဆုံး စံချိန်သစ် တင်သွားပါတယ်။ တစ်နာရီကို ပျမ်းမျှအလုံး ၇၀ နူန်းဖြစ်ပါတယ်။ အမေရိကန်အနောက်ဖက်ကမ်းဆိပ်ကမ်းတွေရဲ့ crane productivity ဟာ တစ်နာရီကိုပျမ်းမျှ ၂၅ လုံးဝန်းကျင်ဖြစ်ပါတယ်။

Published in Containers