Knowledge
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှ ကုန်စည်တင်ပို့ခွင့်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှစတင် ခွင့်ပြုလာရာ တရုတ်မှ တိုက်ရိုက်တင်ပို့ခွင့် ပိတ်ထားသည့် စိုက်ပျိုးရေးထွက်ကုန်များကို လာအိုမှတစ်ဆင့် တင်ပို့လာနိုင်ကြောင်း သိရပါတယ်။
Published in Export & Import
အောက်တိုဘာလ ၇ ရက် ၂၀၁၈ နံနက်ကမြေထဲပင်လယ် Corsica ကျွန်းမှ ၁၇ မိုင်အကွာတွင် ကျောက်ချထားသော ကုန်သေတ္တာသင်္ဘော CSL Viginia ကို တူနီးရှား မောင်းတက်-မောင်းဆင်း ခရီးသည်တင်သင်္ဘော Ulysse ကအရှိန်ဖြင့် ဝင်တိုက်မိပြီး ကူးတို့သင်္ဘောဦးပိုင်းဟာ ကုန်သေတ္တာသင်္ဘော၏ ကိုယ်ထည်အတွင်းဖေါက်ဝင်ပြီး စွပ်လျှက်ချိတ်မိ နေပါတယ်။ ကုန်သေတ္တာသင်္ဘေပေါ်မှ သင်္ဘောလောင်စာဆီ တန်၅၂၀ ပင်လယ်ထဲဖိတ်စင်သွားပါတယ်။ ကူးတို့သင်္ဘော Ulysse ဟာ အီတလီနိုင်ငံ Genoa ဆိပ်ကမ်းမှ တူနီးရှားနိုင်ငံ Rodesသို့အသွားမှာ တိုက်မိခဲ့တာဖြစ်ပါတယ်။ (၅)ရက်ကြာမှသာ ကူးတို့သင်္ဘော Ulysse ကိုပြန်ဖြုတ်နိုင်ခဲ့ပြီး တူနီးရှားနိုင်ငံသို့ဆက်လက်ထွက်ခွာသွားပါတယ်။ ကုန်သေတ္တာသင်္ဘော Virginia ကတော့ အခင်းဖြစ်နေရာမှာဆက်လက် ကျောက်ချ နေဆဲဖြစ်ပြီး သင်္ဘောပိုင်ရှင်က သင်္ဘောကျင်းကိုပို့ဖို့ ပြင်ဆင်နေပါတယ်။ ပင်လယ်ထဲဖိတ်စင်သွားသော သင်္ဘောလောင်စာဆီတွေကိုတော့ သင်္ဘော( ၁၂) စီးဖြင့်ပြန်လည်စုပ်ယူပြီး သန့်ရှင်းရေးလုပ်နေပါတယ်။ သင်္ဘောတိုက်မိမှုကြောင့် သင်္ဘော ၂စီးလုံး၏ ပျက်စီးမှုဟာ ယူရို ၁၃.၅ သန်း( ဒေါ်လာ ၁၅.၅ သန်း) နှင့် ဖိတ်စင်သွားသောလောင်စာဆီများ ရှင်းလင်းဖယ်ရှားသည့်စားရိတ် ယူရို ၁၀ သန်းခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ (g Caprtain)
တူနီးရှားI ပြင်သစ်နှင့် Cypriot နိုင်ငံများမှ စုံစမ်းစစ်ဆေးသူများက ၃ လကြာစစ်ဆေးပြီး သူတို့ရဲ့ တွေ့ရှိချက်တွေကို ၂၀၁၉ ဇန်နဝါရီလ (၇ ) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ သူတို့၏စစ်ဆေးတွေ့ရှိချက်အရ သင်္ဘော ၂ စီးလုံးမှာ တာဝန်မကင်းဘဲ လူအမှားကြောင့်ဖြစ်ရတာလို့ဆိုပါတယ်။
တူနီးရှားကူးတို့သင်္ဘော Ulysse ရဲ့ ပဲ့စင်ပေါ်မှာတာဝန်ကျသူ Watch Officer တစ်ဦး(သင်္ဘောရေယာဉ်မှုး) သာရှိပြီး အခင်းဖြစ်ချိန်မှာ သူရဲ့ဖုန်းနဲ့ Chatting လုပ်နေပြီး ရေဒါအနားမှာမရှိဘူးလို့ စစ်ဆေးတွေ့ရှိရပါတယ်။ အလားတူကုန်သေတ္တာသင်္ဘော Viginia ၏ ပဲ့စင်ပေါ်တွင်တာဝန်ကျ သင်္ဘောအရာရှိတွေဟာ Radar alarms ကိုအလေးဂရုမပြု ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ကုန်သေတ္တာသင်္ဘောဟာ သင်္ဘောတွေခုတ်မောင်းသွားလာနေတဲ့ Shipping Lane အလယ်မှာဘာကြောင့် ကျောက်ချထား တာလည်း လို့မေးခွန်းထုတ်ခဲ့ကြပါတယ်။ သင်္ဘောပိုင်ရှင်ရဲ့ဖိအားပေးမှုကြောင့်ကျောက်ချခဲ့ရတာပါဆိုတဲ့ရှင်းလင်းချက်ဟာလည်း ဆီလျှော်မှု မရှိဘူးလို့ဆိုပါတယ်။ မှတ်တမ်းမှတ်ရာတွေအရ အခုသင်္ဘောချင်းတိုက်မိတဲ့နေရာဟာ ကုန်သွယ်ရေကြောင်းသင်္ဘောတွေ ခုတ်မောင်းနေတဲ့ ရေလမ်းကြောင်းပေါ်မှာဖြစ်ပြီး အခုလိုသင်္ဘောတစ်စီး ကျောက်ချထာားတာ ပထမဆုံးလို့ ဆိုပါတယ်။
သက်တမ်းရင့် P&I Clubတစ်ခုဖြစ်တဲ့ West of England P&I Club က သူရဲ့ အဖွဲ့ဝင် သင်္ဘောပိုင်ရှင်တွေကို ၂၀၁၁ခုနှစ် ဧပြီလ ကတည်းက ထိခိုက်ဆုံးရှုံးမှု ကာကွယ်ရေးနှင့် ဘေးအန္တရယ် ကင်းရှင်းမှုဆိုင်ရာနှိုးဆော်စာကိုဖြန့်ဝေခဲ့ပါသေးတယ်။
ထို Club ရဲ့လေ့လာမှုအရ ရေကြောင်း မတော်တစ်ဆဖြစ်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းများအနက် ပဲ့စင်တာဝန်ကျ Watch Keeperရဲ့ mobile phone/ smart phone သုံးစွဲနေမှုဟာလည်း အကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်းI ပဲ့စင်ပေါ်တွင် အချိန်ကြာမြင့်စွာ ဖုန်းပြောနေမှုI Internet သုံးစွဲနေမှုကြောင့် သင်္ဘောတိုက်မိတဲ့ cases တွေအများအပြား ရှိတယ်လို့ဆိုပါတယ်။အထူးသဖြင့် သင်္ဘောသောင်တင်သွားတဲ့ Incidents ဟာ အများဆုံးဖြစ်ပါတယ်။
ယနေ့အခါတွင် Mobile/ Smart phone တွေရဲ့ Function တွေစုံလင်လာသလို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာကြပြီး အချိန်ပြည့်ဆက်သွယ်မှု ပြု နိုင်လာကြပြီဖြစ်လို့ သင်္ဘောသားတွေအနေဖြင့်လည်း မိသားစုနှင့်ခွဲခွာပြီး သင်္ဘောပေါ်မှာ အထီးကျန်မှုကို တာဝန်ချိန် ပြင်ပမှာ Mobile/ Smart phone အသုံးပြု ၍မိသားစု နှင့်မိတ်ဆွေသူငယ်ချင်းတို့နဲ့ဆက်သွယ်နိုင်ခြင်းဖြင့် ဖြေလျော့နိုင်ကြပါတယ်။ ဒါပေမဲ့လည်း mobile/ smart phone အသုံးပြု မှုကို ကန့်သတ်တာထက် မော်တော်ကားမောင်းစဉ် ယဉ်မောင်းတွေ mobile/ smart phone အသုံးမပြုရန် တားမြစ်ထားသကဲ့သို့ သင်္ဘောခုတ်မောင်းစဉ် ပဲ့စင်၌ တာဝန်ကျသည့် အချိန်တွင် အသုံးပြု မှုကို တားမြစ်ပိတ်ပင်သင့်တယ်လို့ အကြံပြု ထားပါတယ်။
ဒါအပြင်အဖွဲ့ဝင်သင်္ဘောပိုင်ရှင်တွေကို သင်္ဘောတွေရဲ့ ဘေးအန္တရယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုစနစ် (Safety Management System) ရဲ့ပဲ့စင် Watch-keeping လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်ပြီး သင့်တော်သလို ပြင်ဆင်မွမ်းမံသွားရန်နှင့် သင်္ဘောမောင်းနှင်နေစဉ် mobile phone အသုံးပြု မှုကြောင့် ပဲ့စင်တာဝန်ကျ Watch Keeper တွေ အာရုံထွေပြားမှုမဖြစ်ရန်I အထူးသဖြင့် ပဲ့စင် Watch Keeper အနေဖြင့်အပြည့်အဝ အာရုံစိုက်ဖို့လိုတဲ့ အောက်ပါအခြေအနေမျ ိုးတွေမှာ mobile phone နှင့် လက်ကိုင်သတင်းတိုပို့စက်တွေ မသုံးရန် တား မြစ်သည့် လုပ်ထုံးလုပ်နည်းများကို Safety Management System တွင်ထည့်သွင်းရေးဆွဲရန်တိုက်တွန်းထားပါတယ်။
* ရေကြောင်းပြစခန်း (pilot station) ရောက်ရှိသည့်အချိန်
* ဆိပ်ကမ်းအတွင်းသို့/မှ ဝင်ထွက်ချိန်
* ဆိပ်ကမ်းဧရိယာအတွင်းနှင့် သင်္ဘောများ ဆိပ်ခံတံတားမအားသဖြင့် ကျောက်ချ စောင့်ဆိုင်းသည့် ကျောက်ဆူးဆိပ် (anchorage) အနီးအနားတွင် သင်္ဘောခုတ်မောင်းစဉ်အချိန်
* မြင်ကွင်းမသဲကွဲသည့်အချိန်
* သင်္ဘောများအသွားအလာများသည့်နေရာဝန်းကျင်
* restricted sea room အတွင်း သင်္ဘောခုတ်မောင်းစဉ်
* ပဲ့စင်တွင် တာဝန်ကျ watch keeping တစ်ဦးတည်းရှိနေချိန် တို့တွင်ဖြစ်ပါတယ်။
>>>Zawgyi<<<
သင်္ဘောပဲ့စင် (bridge) တွင် တာဝန်ကျစဉ် mobile/smart phone သုံးနေခြင်းကြောင့် သင်္ဘောချင်းတိုက်မိမှုဖြစ်ပွား
49792319_2024609337838763_3741429368270880768_n.jpg
49899588_2024609317838765_3089391528158691328_n.jpg
သန့်ဇင် (MICS- UK)
Myanmar Logistics Guide
သင်္ဘောလိုင်းပြေးဆွဲသူ (liner Operator) ၏အဓိကလိုအပ်ချက်မှာ ကုန်တင်ပို့လိုသူ ဖောက်သည်များလိုအပ်သည့် ကုန်သေတ္တာ အမျိုးအစားကို၊ လိုအပ်သည့်အချိန်တွင်၊ လိုအပ်သလောက် အသင့်ရရှိရေးဖြစ်ပါသည်။ ကုန်သေတ္တာအခွံ လိုအပ်နေသောဆိပ်ကမ်းတွင် ကုန်သေတ္တာ လုံလောက်မှုမရှိဖြစ်နေပြီး၊ မလိုအပ်သောနေရာတွင် ကုန်သေတ္တာ အခွံများစုပုံနေခြင်းသည်အကျိုးမရှိဘဲ ဆုံးရုံးမှုကို ဖြစ်စေပါတယ်။
Published in Containers
ကုန်စည်ပစ္စည်းများကို ပင်လယ်ရေလမ်းခရီးဖြင့် ပို့ဆောင်ရာတွင် ကုန်ပစ္စည်းအမျိုးအစားနှင့် သဘာဝပေါ်မူတည်၍ တင်ဆောင်ပေးပို့သည့် သင်္ဘောအမျိုးအစားမှာလည်း ကွာခြားမှုရှိနေပေါသည်။
ကမ္ဘာ့ကုန်စည်ကူးသန်းရောင်းဝယ်ရေး၏ (၉၀)ရာခိုင်နှုန်းခန့်မှာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးဖြင့် အသုံးပြုနေကြပြီး လက်ရှိကမ္ဘာ့ရေပြင်တစ်လွှားတွင် ကုန်သွယ်သင်္ဘော (၅၀၀၀၀)ကျော် သွားလာပြေးဆွဲနေလျက်ရှိသည်။ ၄င်းတို့အနက် ကုန်သေတ္တာတင်သင်္ဘော (Container ship) များမှာလည်း အရေးပါသည့်အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်နေသည်။
Additional Info
  • TopAds ships1
  • BottomAds ships2
  • SidebarAds ships3
ကုန်စည်တင် သင်္ဘောများအား နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးနိုင်မည့် International Bulk Terminal(Thilawa) Co., Ltd. (IBTT)ဆိပ်ကမ်းဖွင့်ပွဲကို ရန်ကုန်မြို့ Melia Hotel တွင် ကျင်းပခဲ့ပါတယ်။
Published in Port News
ဂျပန်နိုင်ငံ၏ အဓိက သင်္ဘောလိုင်းကြီးတစ်ခု ဖြစ်တဲ့ K လိုင်းဟာ အခြားသင်္ဘောလိုင်းများနှင့် အချင်းချင်းညှိ၍ အမြတ်ထွက်ရန်ပြစ်မှုမြောက်သော် ကြံစည်သဘောတူညီမှု (cartel conduct) ပြုလုပ်သည့်အတွက် သြစတြေးလျနိုင်ငံ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (ACCC) ကစစ်ဆေးပြီး ဖက်ဒရယ်တရားရုံးက ဒဏ်ငွေတပ်ရိုက်ခဲ့ပါတယ်။
Published in Port News
     ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှုအတွက် ရောင်းလိုအားသည် သင်္ဘောတင်ခ နှုန်းထားပေါ်တွင် များစွာ မူတည်နေသည်။ သင်္ဘောလုပ်ငန်းအတွက် ရောင်းလိုအားသည် သင်္ဘောတင်ခနှုန်းထား အပြောင်းအလဲတွင် သင်္ဘောလိုင်းများမှ ပံ့ပိုးနိုင်သည့် သင်္ဘောလုပ်ငန်းဝန်ဆောင်မှုကို ပြသသည်။ သင်္ဘောတင်ခနှုန်းထားသည် လုပ်ငန်းကုန်ကျစရိတ်အောက်သို့ ကျရောက်နေပါက သင်္ဘောများကို ရပ်နားထားကြမည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ရောင်းလိုအားမှာ ကျဆင်းသွားမည်။
     သင်္ဘောလုပ်ငန်းရောင်းလိုအားသည် အချက်သုံးချက်ပေါ်တွင် မူတည်နေသည်-
• အရွယ်အစားကြီးမားသော သင်္ဘောများသည် ကုန်ပစ္စည်းတစ်ယူနစ် (တစ်တန်) ပေါ်တွင် ကုန်ကျစရိတ် နည်းပါးသဖြင့် ထိုသင်္ဘောများမှာ ရပ်နားသည့်အချိန် နည်းပါးသည်။ ထိုအချက်သည် စီးပွားရေး ကျဆင်းသည့် ကာလတွင် သေးငယ်သော သို့မဟုတ် လုပ်ငန်း မတွင်ကျယ်သော သင်္ဘောများမှာ ရပ်နားထားရန် တွန်းအားတစ်ရပ်ဖြစ်သည်။
• အိုမင်းဟောင်းနွမ်းသော သင်္ဘောများသည် လုပ်ငန်းကုန်ကျစရိတ် များပြားသဖြင့် သင်္ဘောတင်ခ နှုန်းထားများ နည်းပါးသည့်အခါတွင် ထိုသင်္ဘောများကို ရပ်နားထားကြမည်ဖြစ်သည်။
• သင်္ဘောဖြင့် သယ်ယူပို့ဆောင်ပေးနိုင်သည့် စွမ်းရည် (tonnage) အားလုံးကို အသုံးပြုထားသည့် အချိန်တွင် သင်္ဘောများ၏အမြန်နှုန်းကို မြှင့်တင်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမို တွင်ကျယ်အောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းဖြင့်သာ ရောင်းလိုအားကို တိုးမြှင့်နိုင်သည်။
     သင်္ဘောလုပ်ငန်း ရောင်းလိုအားနှင့် သက်ဆိုင်သည့် ဈေးနှုန်း ကျုံ့နိုင်ဆန့်နိုင်ခြင်း (Price elasticity ) ကို သင်္ဘောတင်ခနှုန်းထား အပြောင်းအလဲတွင် တုံ့ပြန်မှုဖြင့် တိုင်းတာနိုင်သည်။ စီးပွားရေး ကျဆင်းနေသည့် ကာလများတွင် သင်္ဘောများကို ရပ်နားထားကြသဖြင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှုအတွက် ရောင်းလိုအားမှာ အလွန်ပင် ကျုံ့နိုင်ဆန့်နိုင်သည့် အနေအထားဖြစ်သည်။ price elasticity ဆိုသည်မှာ ဈေးနှုန်း အတက်အကျတွင် ဝယ်လိုအား အပြောင်းအလဲဖြစ်သည်။ ဈေးနှုန်းတက်ပါက ဝယ်လိုအား ကျဆင်းသွားခြင်း၊ ဈေးနှုန်းကျပါက ဝယ်လိုအား တက်လာခြင်းစသည့် အခြေအနေများကို (price elasticity) ဟုခေါ်သည်။ သင်္ဘောများအားလုံး ပြေးဆွဲနေသည့်အချိန်တွင် ရောင်းလိုအားသည် ကျုံ့နိုင်ဆန့်နိုင်ခြင်းမရှိပါ။ ဆိုလိုသည်မှာ ဈေးနှုန်းအတက်အကျ ရှိသော်လည်း ရောင်းလိုအား အပြောင်းအလဲမရှိပါ။
     သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏သင်္ဘောလုပ်ငန်းအတွက် ရောင်းလိုအားကို မည်သို့ ချိန်ညှိကြပါ သနည်း။ ရေတိုကာလတွင် သင်္ဘောလုပ်ငန်းဝန်ဆောင်မှုအတွက် ရောင်းလိုအားကို လျော့နိုင်တိုးနိုင်ရန် မလွယ်ကူပါ။
     ရေရှည်တွင် လုပ်ငန်းဆောင်ရွက်မည့်သူများ ဆုံးဖြတ်ချက်ချမှတ်သည့်အချိန်နှင့် သင်္ဘောတည်ဆောက် ပြီးစီး၍ လက်ခံရယူသည့်အချိန် နှစ်ခုမှာ ကွာဟမှုရှိနေပါသည်။ အကြမ်းဖျဉ်းအားဖြင့် သင်္ဘော တစ်စီးတည်ဆောက်ရန် အချိန် (၂) နှစ်ခန့်ကြာမြင့်ပါသည်။ ထို့ကြောင့် သင်္ဘောလုပ်ငန်း ဝန်ဆောင်မှု အတွက် ရောင်းလိုအားမှာ ကျုံ့နိုင်ဆန့်နိုင်သည့် အနေအထားတွှင်မရှိဘဲ သင်္ဘောတင်ခ နှုန်းထား အပြောင်းအလဲတွင် ဝယ်လိုအားကို ချက်ချင်းတုံ့ပြန်နိုင်ခြင်း မရှိပါ။ ဆိုလိုသည်မှာ သင်္ဘောတင်ခ နှုန်းထားများ မြင့်တက်လာသည့်အခါ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သင်္ဘောများကို ချက်ခြင်း ထပ်မံဖြည့်တင်းပေးနိုင်ခြင်း မရှိပါ။
ရေတိုကာလ သင်္ဘောလုပ်ငန်းရောင်းလိုအားကို အောက်ပါအချက်များဖြင့်တွက်ဆနိုင်သည်-
• ရေရှည်ကာလအတွက် တည်ဆောက်နေဆဲ သို့မဟုတ် ပြပြုင်နေဆဲ သင်္ဘောများကို သင်္ဘော လုပ်ငန်း ရောင်းလိုအားတွင် ထည့်သွင်းစဉ်းစားခြင်းမပြုသင့်ပါ
• မကြာမီ ဖျက်သိမ်းတော့မည့် သင်္ဘောများကို သင်္ဘာလုပ်ငန်းရောင်းလိုအားတွင် ထည့်သွင်း စဉ်းစားခြင်း မပြုသင့်ပါ
• အထက်ပါအချက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ရေတိုကာလတွင် သင်္ဘော အရေအတွက်ကို တိုးနိုင်လျော့နိုင်ခြင်းမရှိပါ။
သို့ရာတွင် လက်ရှိပြေးဆွဲနေသော သင်္ဘောအရေအတွက်နှင့် သင်္ဘောလုပ်ငန်း ရောင်းလိုအားမှာ အတူတူပင်ဖြစ်သည်ဟု အဓိပ္ပါယ်သက်ရောက်ခြင်းမရှိပါ။ အကယ်၍ သင်္ဘောတင်ခနှုန်းထားများမှာ မျှခြေ၏အထက်တွင် ရှိနေလျှင် သို့မဟုတ် ကုန်စည်ပို့ဆောင်မှုဈေးကွက် တိုးတက်ရန် အလားအလာ ရှိသည်ဟု သင်္ဘောလိုင်းများမှ ယူဆလျှင်ဖြစ်စေ သင်္ဘောလုပ်ငန်းရောင်းလိုအားမှာ အောက်ပါ ခြွင်းချက်များအရ တိုးမြင့်လာနိုင်သည်-
• သတ်မှတ်ကာလအတွင်း ဆောင်ရွက်ရမည့် ရေယာဉ်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း များကို အချိန်ရွှေ့ဆိုင်းခြင်း
• ပင်လယ်ပြင်တွင် သွားလာသည့်အမြန်နှုန်းကို တတ်နိုင်သမျှ အမြင့်ဆုံးသို့ မြှင့်တင်ခြင်း
• ဆိပ်ကမ်းတံတားတွင် ဆိုက်ကပ်ထားရသည့်အချိန် တိုတောင်းစေရန် ကုန်တင်/ကုန်ချလုပ်ငန်းကို အမြန်ဆုံးဆောင်ရွက်ခြင်း
• ရပ်နားသည့် သင်္ဘောအရေအတွက်ကို လျှော့ချခြင်း
အကယ်၍ သင်္ဘောတင်ခနှုန်းထားများမှာ မျှခြေ၏အောက်တွင်ရှိနေလျှင် သို့မဟုတ် ကုန်စည်ပို့ဆောင်မှု ဈေးကွက် တိုးတက်ရန် အလားအလာ မရှိနိုင်ဟု သင်္ဘောလိုင်းများမှ ယူဆလျှင်ဖြစ်စေ သင်္ဘောလုပ်ငန်းေ ရာင်းလိုအားမှာ အောက်ပါအခြေအနေများ အရ လျော့ကျလာနိုင်သည်-
• ပင်လယ်ပြင်သွားလာသည့် အမြန်နှုန်းကို လျှော့ချခြင်း
• သင်္ဘော၏ကုန်တင်နိုင်သည့် စွမ်းရည်ထက် လျော့နည်းသော ကုန်ပစ္စည်းကို လက်ခံ၍ သယ်ယူပို့ဆောင်ပေးခြင်း
• ကုန်တင်ကုန်ချလုပ်ငန်းကို နှေးကွေးစွာဆောင်ရွက်ခြင်း
• သင်္ဘောများကို ရပ်နားထားခြင်း
သင်္ဘောတင်ခနှုန်းထားအနေအထားနှင့် သင်္ဘောလုပ်ငန်းဈေးကွက်အပေါ် သင်္ဘောလိုင်းများ၏ မျှော်မှန်းချက် တို့ အပေါ်မူတည်၍ သင်္ဘောကုမ္ပဏီများသည် ကုန်ကျစရိတ်သက်သာစေရန်နှင့် အမြတ်အစွန်းပိုမိုရရှိရန် ရည်ရွယ်ကာ ရေတိုကာလတွင် သင်္ဘောလုပ်ငန်းဝန်ဆောင်မှု ပမာဏကို ချိန်ဆဆောင်ရွက်ကြ လေ့ရှိသည်။
ရေရှည်ကာလတွင် သင်္ဘောများကို ထပ်မံဖြည့်တင်းနိုင်သည်။ အချိန်နှင့်အမျှ သင်္ဘောကုမ္ပဏီများသည် သင်္ဘောလောကမှ ထွက်ခွါသွားနိုင်သည် သို့မဟုတ် သင်္ဘောလောကသို့ ဝင်ရောက်လာနိုင်သည်။ ရေရှည်ကာလတွင် သင်္ဘောလုပ်ငန်းရောင်းလိုအား ပမာဏသည် အောက်ပါအချက်များပေါ်တွင် မူတည်နေသည်။
• သင်္ဘောလုပ်ငန်းဝန်ဆောင်မှုအတွက် ဝယ်လိုအားအခြေအနေ
• သင်္ဘောလုပ်ငန်းဈေးကွက်အပေါ် သင်္ဘောလိုင်းများ၏မျှော်မှန်းချက်
• သင်္ဘောတည်ဆောက်ရာတွင် နည်းပညာတိုးတက်မှုများနှင့် ဆန်းသစ်တီထွင်မှုများ စသည့် ရေကြောင်း သယ်ယူပို့ဆောင်ရေးတွင် ပိုမိုထိရောက်တွင်ကျယ်သော တိုးတက်ပြောင်းလဲမှုများ
သင်္ဘောတင်ခနှုန်းထားများ မြင့်တက်သည်နှင့်အမျှ သင်္ဘောလိုင်းများ၏ ဈေးကွက် အပေါ် မျှော်မှန်းချက် သည်လည်း မြင့်မားလာသည်။ စီးပွားရေးလုပ်ငန်းရှင်များက အောက်ပါတို့ကို ဆောင်ရွက်လာသည့်အခါ သင်္ဘောဖြင့်သယ်ယူပို့ဆောင်ပေးနိုင်သည့် ပမာဏမှာ တိုးတက်လာသည်-
• သင်္ဘောအသစ်များမှာယူခြင်း
• အသုံးမပြုဘဲထားသည့်သင်္ဘောများကိုပြင်ဆင်ခြင်း
Source ; Shipping and Logistics
Myanmar Logistics Guide
Published in Port News
          ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့ တော်အပြင်ပတ်လမ်းစီမံကိန်းနှင့်အတူ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏ စီးပွားရေး စကြံလမ်းမကြီးတစ်ခုပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ သိရသည်။
          ရန်ကုန်မိုးပျံအမြန်လမ်းနှင့်ရန်ကုန် မြို့တော်အပြင်ပတ်လမ်း စီမံကိန်းဦးဆောင် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ကို အောက်တိုဘာ ၁၇ ရက်က နေပြည်တော်ရှိရန်ကုန်မိုးပျံအမြန် လမ်းမကြီး PPP စီမံ ကိန်းအတွက်တင်ဒါနောက်ဆုံးနေ့အား နိုဝင် ဘာ ၁၃ ရက်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
          ထုတ်ပြန်ချက်တွင် ရန်ကုန်မိုးပျံအမြန်လမ်းမကြီး စီမံကိန်းအပိုင်း ၁အတွက် စိတ်ဝင်စားသူများကို အရည်အသွေးပြည့်မီမှု တောင်းဆိုချက်တင်သွင်းရန် စက်တင်ဘာ ၇ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ စိတ်ဝင်စားသူများအနေဖြင့် ဆန်ခါတင်အရည်အသွေးပြည့်မီမှု လျှောက်လွှာများကို အောက် တိုဘာ ၃ဝ မွန်းလွဲ ၂ နာရီနောက်ဆုံးထားပြီး တင်သွင်းရန် နိုင်ငံပိုင်သတင်းစာ နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ website တွင် ထုတ်ပန်ကြေညာခဲ့ကြောင်း၊ ယခုအခါ လျှောက်လွှာတင်သွင်းမည့် ကုမ္ပဏီများ၏ တောင်းဆိုချက်အရအဆိုပါ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာတင်သွင်းရန်နောက်ဆုံး ရက်ကို အောက်တိုဘာ ၃ဝ ရက်အစား နိုဝင်ဘာ ၁၃ ရက်မွန်းလွဲ ၂နာရီသို့ ပြောင်းလဲသတ် မှတ်ခဲ့ကြောင်း သိရသည်။
          ရန်ကုန်မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများ သို့ ပိုမိုလွယ်ကူစွာသွားလာနိုင်ရန် မျှော်မှန်းထားကြောင်း၊ အဆိုပါရည်ရွယ်ချက်အတွက်ဆောက်လုပ်ရေးဝန်ကြီးဌာနသည် Request For Qualifications( RFQ) နှင့် စီမံကိန်းနှင့် ပတ်သက်သော နောက်ခံသတင်းအချက်အလက်များပါဝင်သော Preliminary Information Memorandum (PIM) တို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အမေရိကန် ဒေါ်လာ ၁၅ဝဝ အား Non-refundable fee အနေဖြင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်း ဦးစီးဌာန၊ ငွေစာရင်းဌာနခွဲသို့ ပေးသွင်းပြီး ရုံးချိန်အတွင်း ဝယ်ယူနိုင်သည်။
          ပြည်တွင်း သို့မဟုတ် ပြည်ပမှ စိတ်ဝင်စားမှုရှိသော လုပ်ငန်းရှင်များအနေ ဖြင့် RFO တွင်ပါဝင်သော စံချိန်စံညွှန်းများအတိုင်း ပါဝင်နိုင်ကြောင်း၊ ပူးပေါင်းဖွဲ့စည်းထားသော လုပ်ငန်းရှင်များအနေဖြင့် RFQတွင် ညွှန်ပြထားသည့်အတိုင်း ဖွဲ့စည်းနိုင်သည်။အရည်အချင်းပြည့်မီသော တင်ဒါအောင်မြင်သူများကိုသာ နောက်တစ်ဆင့်ဖြစ်သည့် စီမံကိန်းအဆိုပြုလွှာကို တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနသည် RFQ တွင် ပါဝင်သော အချက်အလက်များကို မည်သည့်အချိန်တွင်မဆို သို့မဟုတ် မည်သည့်အကြောင်းပြချက်ဖြင့်မဆို ပြင်ဆင်မွမ်းမံနိုင်မည်ဖြစ်ပြီး မည်သည့် သို့မ ဟုတ် အားလုံးသော ကြိုတင်အရည်အချင်း စစ်လျှောက်လွှာများကို ငြင်းပယ်ပိုင်ခွင့်ရှိမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
Source:Daily Eleven
Published in Port News
Page 1 of 2