Knowledge

လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၉ သန်းကျော် တင်သွင်းမှုတန်ဖိုး ဒေါ်လာ၂ ဒသမ ၉ ဘီလျံ ကျော်ရှိသော်လည်း ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန် ၄၈၀,၀၀၀ ကျော် နှင့် ဒေါ်လာသန်း ၃၈၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Published in Export & Import

တရုတ်ပြည်၏ စီးပွားရေးဖွံ့ဖြိုး မှုသည် ပို့ကုန်အပေါ်အမှီပြုလွန်းနေ ခြင်းကြောင့် စီးပွားရေး မတည်မငြိမ် ဖြစ်မှာ အလွန်စိုးရိမ်ရကြောင်း တရုတ်ပြည် အမျိုးသားပြည်သူ့ ကွန်ဂရက်တွင် ၀န်ကြီးချုပ်က သတိပေးခဲ့ဖူးသည်။ သို့သော်လည်း "ကမ္ဘာ့ပို့ကုန်ရောင်းချမှု တွင် အချိုးအဆ ပိုမိုပါဝင် လာစေရန် တရုတ်နိုင်ငံပို့ကုန်များကို ဆက်လက် တိုးမြှင့်ရောင်းချသွားမည်"ဟု ကုန်သွယ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးက ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်းမှာ ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ ဇန်န၀ါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်း များအရလည်း တရုတ်ပို့ကုန်ရောင်းချမှု ပမာဏသည် ၁၃ လဆက်တိုက် ကျဆင်းလာခဲ့ရာမှ ယမန်နှစ်က ပမာဏထက် ပိုမိုမြင့်တက်လာကြောင်း တွေ့ရသည်။

Published in Export & Import

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်ပမာဏ တိုးတက်လာသော်လည်း ပို့ကုန်ပမာဏ သိသိသာသာကျဆင်းမှုကြောင့် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း (၈၀၀) ကျော် လျှော့နည်းခဲ့ကြောင်း သိရပါတယ်။

Published in Export & Import

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ရည်မှန်းချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံ၊ ပြည်ပသွင်းကုန် တန်ဖိုးမှာ ဒေါ်လာ ၁၅ ဒသမ ၈ ဘီ လျံဖြစ်ပြီး ကုန်သွယ်မှုပမာဏ စုစုပေါင်း တန်ဖိုးမှာ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိရန် မျှော်မှန်းထားပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ သာရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။

Published in Export & Import

တရုတ်ကုန်သည်များထံ ငွေလွှဲမရခြင်းကြောင့် မူဆယ်နယ် စပ်မှ သွင်းကုန်ပမာဏလျော့နည်း ပြီး နှစ်လအတွင်း ကုန်စည်ပို့ ဆောင်ခ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းကြောင်း အဝေးပြေးကုန် စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ခန့် က ပြောသည်။

 

တရုတ်နိုင်ငံရှိ ဘဏ်များတွင် တရုတ်ပို့ကုန်လုပ်ငန်းရှင် အချို့၏ ဘဏ်စာရင်းများ အပိတ်ခံရသဖြင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ ဝယ်ယူရန် ငွေလွှဲပေးပို့၍မရပေ။ ထို့ကြောင့် မူဆယ် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ တင်သွင်းမှု လျော့နည်းခဲ့ကြောင်း ၎င်းကဆိုသည်။

 

ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html

 

‘‘ကားခဈေးကျတော့ လုပ်ရကိုင်ရတာ မကောင်းဘူး’’ဟု ဦးဝင်းအောင်ခန့်က ပြောသည်။ မူဆယ်မှ ရန်ကုန်မြို့သို့ တန် ၃၀ တင်ဆောင်နိုင်သည့် တွဲကားတစ်စီး၏ ငှားရမ်းခက ဧပြီတွင် ကျပ် ၃၂ သိန်း ဈေးရှိသော်လည်း ယခုရက်ပိုင်းတွင် ကျပ် ၂၉ သိန်းသို့ ကျဆင်းလာကြောင်း ၎င်းကပြောသည်။

 

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ် - ရွှေလီ ကုန်သွယ်ရေးလမ်းကြောင်းက ၂၀၁၉ ၌ အခက်အခဲများရှိနေသည်။ မြန်မာနိုင်ငံဘက်မှ သကြား၊ ဆန်အပါအဝင် လယ် ယာထွက်ကုန်များ တားဆီးခံရပြီး တင်ပို့နိုင်ခြင်းမရှိသဖြင့် မန္တလေး- မူဆယ် ကုန်စည်ပို့ဆောင်ခသည် ယခင်က တစ်တန်လျှင် ကျပ်သုံး သောင်းခွဲခန့်ရှိသော်လည်း ယခု နှစ်သောင်းရှစ်ထောင်ခန့် ဈေးရှိကြောင်း မန္တလေးမြို့နေ ကုန်ကားပိုင်ရှင်တစ်ဦးက ပြောသည်။

 

တရုတ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်မှု ခက်ခဲနေခြင်းက ပို့ကုန်လုပ်ငန်းရှင်များသာမက ကုန်ကားပိုင်ရှင်များ၊ ယာဉ်မောင်းများနှင့် ကုန်တင်ကုန်ချအလုပ်သမားများ ဘဝရပ်တည်ရေး ခက်ခဲနေကြောင်း ၎င်းက ပြောသည်။

 

လက်ရှိ မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သောင်း တရားဝင်တင်ပို့နေပြီး တရုတ်အစိုးရက တရုတ်ကုန် သည်များကိုပေးသည့် ဆန်တင် သွင်းခွင့်ပြုမိန့် တန်ချိန်တစ်ထောင်ဖြင့်လည်း ဆန်တင်ပို့မှုများ ရှိနေသည်။ သို့သော် သကြားနှင့် ပြောင်းဖူးစေ့တင်ပို့မှုက ရပ်တန့် နီးပါးဖြစ်နေကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်မှ အသင်းဝင် ကုန်သည်တစ်ဦးက ပြောသည်။

 

မူဆယ်နယ်စပ်မှ တရုတ် နိုင်ငံသို့ ဆန်၊ ပြောင်းဖူးစေ့၊ သကြားနှင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်များတင်ပို့ပြီး တရုတ်နိုင်ငံမှ လူသုံးကုန်၊အီလက်ထရွန် နစ်ပစ္စည်းများ၊ စက်ပစ္စည်းများ စသည်တို့ တင်သွင်းသည်။

 

ReadMore - ထိုင်း - မြန်မာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု မကြာခင်စတင်မည်

 

Source : 7 Day Daily

 

Myanmar Logistics Guide

Published in Export & Import

၂၀၁၈ အောက်တိုဘာ ၁ ရက်မှ ယခုနှစ် ဧပြီ ၂၄ ရက်အထိ မြန်မာနယ်စပ် တရုတ်နိုင်ငံမှ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ၀၅ ဘီလီယံကျော် ရှိလာခဲ့ပြီး ပမာဏကပြီးခဲ့သည့်နှစ် ကာလတူထက် ဒေါ်လာသန်း ၇၀ ခန့်ပိုများကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားခဲ့ပါတယ်။

Published in Export & Import

ပြည်တွင်း ငွေကြေး ဈေးကွက်တွင် မတ်လ ဒုတိယပတ်က စတင်ပြီး အမေရိကန်ဒေါ် လာတန်ဖိုးပြန်လည်မြင့်တက်လာခဲ့ပါတယ်။တစ်ဒေါ်လာ ၁,၅၁၀ ကျပ် ခန့်တွင် တည်ငြိမ်ခဲ့သော ဒေါ်လာ တန်ဖိုးသည် မတ်လ ၁၄ ရက်တွင် ၁,၅၂၀ ကျပ်သို့ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

Published in Export & Import

          ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များကို ဆိပ်ကမ်းများတွင် ကြိုစစ်စစ်ဆေးခြင်းကို အကောက်ခွန်ဦးစီးဌာနက လုပ်ဆောင်နေရာမှ ကညနနှင့်အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးသည့်ပုံစံ ပြောင်းလဲလုပ်ဆောင်သွားရန် ဒုတိယသမ္မတထံတင်ပြထားရှိခဲ့ပါတယ်။

 

          သို့သော်လည်း လုပ်ငန်းအဆင်မပြေသေး၍ အကောက်ခွန်ဦးစီးဌာနမှသာ ကြိုစစ်စစ်ဆေးခြင်းလုပ်ငန်း ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက နိုဝင်ဘာ ၁၀ ရက်က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

          အောက်တိုဘာ ၆ ရက်တွင် ကျင်းပသော ဒုတိယသမ္မတ(၁)နှင့်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ပတင်သွင်းယာဉ်များကို အကောက်ခွန်ဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနတို့ ပူးပေါင်း၍ တင်သွင်းလာသည့်ယာဉ်မှန်ကန်မှူရှိမရှိစစ်ဆေးပြီးမှ ယာဉ်ထုတ်ယူခွင့်ပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တင်ပြထားခဲ့ပါတယ်။

 

          ပြည်ပနိုင်ငံမှ ပုံမှန်တင်သွင်းလာသော မော်တော်ယာဉ်များကို ဆိပ်ကမ်းများတွင် ကြိုစစ်စစ်ဆေး၍ ကားပုံသဏ္ဍာန်ကို ရှေ့နောက် ဘေးဝဲယာ ဓာတ်ပုံရိုက်ယူကာ စစ်ဆေးနေခဲ့ပါတယ်။ ဓာတ်ပုံအထောက်အထားများနှင့် ကားအချက်အလက် အမျိုးအစား Grade များခွဲကာ လုပ်ဆောင်နေပြီး စီမံချက်နှင့်တင်သွင်းလာသော ကားများကိုသာ ကြိုစစ်စစ်ဆေးခြင်း မပြုဘဲ ဆိပ်ကမ်းမှထုတ်ယူခွင့်ပြုနေခြင်းဖြစ်ပါတယ်။

 

          "ပြည်ပကတင်သွင်းလာတဲ့ကားတွေကို နယ်စပ်မှာလိုမျိုးဆိပ်ကမ်းမှာလည်း ပုံမှန်တင်သွင်းလာတဲ့ကားတွေကို ကြိုစစ် စစ်ဆေးတာကို ကာစတန်ကပဲ ဆက်လက်လုပ်ဆောင်သွားမယ်။ တကယ်လို့ အကြောင်းတစ်ခုခုကြောင့် ယာဉ်ကမှားယွင်းနေတာတို့ ပြောင်းလဲထားတဲ့ကားဆို ကညနကသိနိုင်အောင် ကာစတန်ကအသုံးပြုတဲ့ Software ကိုပေးထားမှာပါ "ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ် သို့ ပြောကြားချက်အရ သိရပါတယ်။

 

          နယ်စပ်မှတစ်ဆင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ မော်တော်ယာဉ်အား မြဝတီကုန်သွယ်ရေးဇုန်အတွင်း ကြိုတင်စစ်ဆေးပြီးမှ ထုတ်ယူခွင့်ပြုနေသော်လည်း ဆိပ်ကမ်းများတွင် အကောက်ခွန်ဦးစီးဌာနမှသာ ယာဉ်အားကြိုစစ် စစ်ဆေးမှူပြုလုပ်သွားမည်ဖြစ်ပါတယ်။သို့ဖြစ်ရာ ဆိပ်ကမ်းမှကားများထုတ်ယူပြီးမှသာ သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနသို့ ယာဉ်မှတ်ပုံတင်ရန် သွားရောက်အစစ်ဆေးခံပြုလုပ်ရမည်ဖြစ်ပါတယ်။

 

Source : Myanmar Time

Published in Transportation

၂၀၁၉ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ် တင်သွင်းခြင်းတွင်ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာ

Published in Transportation

မြန်မာနိုင်ငံတွင် သွင်းကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုကို အောက်ပါအချက်များပေါ်တွင် အခြေခံ၍ တွက်ချက်စည်းကြပ်လျက်ရှိသည် –

Published in Local Industry
Page 1 of 2