Knowledge

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ ရောင်းအားအကောင်းဆုံး မော်တော် ကား ကုမ္ပဏီ ၂၅ ခုကို motoringresearch.com က စစ်တမ်းကောက်ယူ ဖော်ပြခဲ့ရာ ရောင်းအားအကောင်းဆုံး မော်တော်ကားကုမ္ပဏီမှာ ဗောက်ဆွာ ဂွန်ပင်ဖြစ်ကြောင်း သိရသည်။ motoringresearch.com ၏ ဖော်ပြထားချက်အရ ဂျာမနီနိုင်ငံအခြေစိုက် ဗောက်ဆွာဂွန် မော်တော်ကား ကုမ္ပဏီမှထုတ်လုပ်သည့် ဇိမ်ခံကားများမှာ လူကြိုက်များလာခဲ့ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တာတွင် ကမ္ဘာ့ရောင်းအား အကောင်းဆုံး မော်တော်ကားကုမ္ပဏီ အဖြစ် ရပ်တည်နိုင်ခဲ့သည်။

Published in Local Industry

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲအကြား မန္တလေး၊ လားရှိုး မီးရထား လမ်းပေါ်တွင် တည်ရှိသည်။ သီပေါမြို့နယ်တွင် ဟိုကွတ် အမည်ဖြင့် ရွာတစ်ရွာရှိသည်။ ဟိုကွတ်ဟူသော အမည်သည် ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိုး ကွယ်ပျောက် သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ထိုရွာအနီးတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ငုပ်လျှိုးသွားပြီး အခြား တစ်နေရာရောက်မှ မြစ်ကြောင်း ပြန်ပေါ်လာသဖြင့် နမ်းပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာဟု ရည်ညွှန်းကာ ထိုနေရာကို ငုပ်ထိပ်ကျေးရွာဟု ခေါ်ခဲ့ကြသည်။ ကာလ ရွေ့လျားလာသောအခါ ငုပ်ထိပ်မှ ဂုတ်ထိပ် ဖြစ်လာခဲ့သည်။

Published in Local Industry