Knowledge

          မိုဘိုင်းအပလီကေးရှင်းဖြင့် ကားငှားခြင်းကို အောက်တိုဘာလလယ်တွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Yoma Fleet မှ operation manager ဦးဇေယျာဦးကပြောသည်။ လတ်တလောတွင်မူ အန်းဒရွိုက်ဖုန်းများတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး အိုင်အိုအက်စ် ဖုန်းများတွင် အသုံးပြုရန်မှာ မူ အချိန်ကြာဦးမည်ဖြစ်ကြောင်းသိရသည်။

 

          ''အက်ပလီကေးရှင်းကတော့အဆင်သင့်ဖြစ်နေပြီ။ ကျွန်တော်တို့စမ်းသပ်နေတယ်။ အဘက်ဘက်က အကုန်စိတ်ချရပြီ ဆိုရင် ဒီလလယ်လောက်မှာထွက်နိုင်ဖို့မှန်းထားတယ်။ အက်ပလီကေးရှင်းအနေနဲ့ကတော့ ဒါပထမဆုံးပါပဲ။ ကျွန်တော် တို့ ဝက်ဘ်ဆိုဒ်ကိုဝင်ဖို့အတွက်ဆိုရင် အက်ပလီကေးရှင်းကနေဆို ပိုမြန်သွားမယ်။ အိုင်အိုအက်စ်ဖုန်း အသုံးပြုသူ တွေအတွက်လည်း အက်ပလီကေးရှင်းရေးဖို့အစီအစဉ်ရှိတယ်။ ဒါပေမယ့်နည်းနည်းကြာအုံးမယ်'' ဟု ဦးဇေယျာဦးက ပြောသည်။


          မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်တိုင်မောင်းနှင်ပြီးအသုံးပြုသည့်အချိန်အတွက်သာ ကုန်ကျမည့် ကားအငှားဝန်ဆောင် မှုဖြစ်သော Yoma Car share ကိုလည်း Yoma Fleet က ၂ဝ၁၈ ခုနှစ်ဇွန်လတွင် ဈေးကွက်တွင်း စတင်မိတ်ဆက်ခဲ့သည်။ နာရီပိုင်း၊ ရက်ပိုင်း၊ ရက်သတ္တပတ်၊ လအလိုက် မိမိတို့အဆင်ပြေသလိုငှားရမ်းနိုင်ပြီး ကားအမျိုးအစားပေါ်မူတည်ကာ တစ်နာရီလျှင် ကျပ် ၁၃ဝဝ ကျပ်မှာ ကျပ် ၁၂,ဝဝဝ အထိ ကျသင့်မည်ဖြစ်ကာ တစ်ကီလိုမီတာလျှင် ၈၁ ကျပ်မှ ၁၁ဝ ကျပ်ကျသင့်မည်ဖြစ်သည်။

 

          အိမ်သုံး၊ ရုံးသုံး ဆီဒင်ကားများမှစကာ လုပ်ငန်းသုံး ထရပ်ကားများနှင့် နောက်တွဲယာဉ်များကိုပါ ငှားရမ်းနိုင်ပြီး ကားအငှားဝန်ဆောင်မှု လုပ်ငန်းခွဲ ၁၅ ခုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပုဂံ၊ ဟဲဟိုး၊ စစ်တွေ၊ လားရှိုး၊ မြစ်ကြီးနားနှင့်ထားဝယ်မြို့များတွင်ဖွင့်လှစ်ထားသည်။

 

'' Yoma Car share ကို ၂ဝ၁၇ ခုနှစ်မှ စတင်အသုံးပြုဖို့ပြင်ဆင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်မှာတော့ Tab Card Software လေးထွက်လာခဲ့တယ်။ ၂ဝ၁၈ ဇွန်လမှာ ဒီ စနစ်ကိုစတင် လည်ပတ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အဖွဲ့ဝင်ပေါင်း ၁,၈ဝဝ ကျော်ရှိသွားပါပြီ'' ဟု ဦးဇေယျာဦး ကပြောသည်။

 

          ထို့ပြင် Yoma Car share မှ စီဘီဘဏ်ကတ် ကိုင်ဆောင်သူများ ကားငှားရမ်းခြင်း ဝန်ဆောင်မှုအား လုံးအသုံးပြု ရာတွင် စက်တင်ဘာလမှစတင်ခါ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ဝန်ဆောင်မှုနှုန်းထားများ၏ ၁ဝ ရာခိုင်နှုန်းကို ပြန်လည်ရရှိမည်ဖြစ်သည်။

 

          Yoma Car share တွင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသော ကားအငှားဝန်ဆောင်မှုကိုလည်းရယူနိုင်ပြီး အချိန် ၄ နာရီ ကြိုတင်၍ ဘွတ်ကင် ပြုလုပ်ပေးရမည်ဖြစ်သည်။ မိမိတို့နှင့်အနီးဆုံး သော ကားအငှားဝန်ဆောင်မှုလုပ်ငန်းများမှ ၁ဝ ကီလိုမီတာအတွင်းရှိသော မြို့တွင်းမည်သည့်နေရာကိုမဆို ပို့ဆောင်ခ ၇,ဝဝဝ ကျပ်မှစတင်ကောက်ခံမည် ဖြစ်ကြောင်းသိရသည်။

 

Source Myanmar Time

Published in Transportation

          မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် အခွန်ပေးဆောင်ရန် ဝန်ဆောင်မှု ဆောင်ရွက်လိုသည့် ဘဏ်များ၊ မိုဘိုင်းငွေကြေး

Published in Local Industry

          ကတ်စနစ်ဖြင့် ငွေပေးချေခြင်း၊ မိုဘိုင်းဖုန်း အသုံးပြုပြီး ငွေပေးချေခြင်းတို့ကို ပြုလုပ်နိုင်မည့် City Reward မိုဘိုင်းဖုန်း ဆော့ဖ်ဝဲကို စတင်အသုံး

Published in Local Industry

အခွန်ထမ်းဆောင်သူများ အချိန်ကုန်မှု့သက်သာစေရန်အတွက် မိုဘိုင်းလ်ဖုန်းများရှိ Mobile Banking နှင့် ကွန်ပျူတာအင်တာနက် iBanking

Published in Latest News