Knowledge

ဒိန်းမတ်အခြေစိုက် AP Moller Maersk သည် ကုန်းတွင်းပိုင်း ထောက်ပံပို့ဆောင်ရေးလုပ်ငန်းတွင် အကြီးအကျယ်ရင်းနှီးမြုပ်နှံရန်စီစဉ်နေသည့်အတွက် လက်ရှိ သင်္ဘောလိုင်းရဲ့ ဝန်ထမ်းရာနှင့်ချီ၍ အလုပ်ဖြုတ်ရန်ရှိသည်လို့ Wall Street ဂျာနယ် မှာ ဖော်ပြထားပါတယ်။

Published in Containers

          ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင် ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းများ ရှိနေသည်။ တချို့စီမံကိန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်အကောင်အထည်ဖော်နေပြီး အချို့စီမံကိန်းများကို ပြည်ထောင်စုအဆင့်က ဆောင်ရွက်လျက်ရှိသည်။ ယင်းစီမံကိန်းများအတွင်းမှ လာမည့်နှစ်အနည်းငယ်တွင် ရုပ်လုံးပေါ်လာနိုင်သည့် စီမံကိန်းများရှိသကဲ့သို့ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်များ လည်းရှိခဲ့ပါတယ်။

Published in Industry News

          ဟန်ဂေရီနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ ပြည်တွင်း၌ လျှပ်စစ်ကားများ တပ်ဆင်၍ ပြည်ပသို့ ရောင်းချရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က မြန်မာတိုင်းမ်သို့ ပြောပြခဲ့ပါတယ်။လက်ရှိတွင် အဆိုပါကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် အသေးစိတ်ကိုဆွေးနွေးနေပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြရဦးမည်ဟု ၄င်းကပြောခဲ့ပါတယ်။

 

          လျှပ်စစ်ကားများကို ၄၅ ယောက်စီး ဘတ်စကားကြီးများ ထုတ်လုပ်ရန် စီစဉ်နေကြောင်း၊ ကားအစိတ်အပိုင်းများကို ယင်းနိုင်ငံမှ တင်သွင်းတပ်ဆင်သွားမည် ဖြစ်ကာ ဝယ်ယူရန် အမှာစာ ပေးပို့ထားသည့် အိန္ဒိယ၊ သီရိလင်္ကာစသည့် နိုင်ငံများသို့ ပြန်လည်ရောင်းချမည်ဟု ၄င်းကပြောခဲ့ပါတယ်။

 

          “ပြည်တွင်းမှာ ဘော်ဒီလောက်ပဲ လုပ်ပြီး ကျန်တဲ့ဟာတွေကို ပြည်ပကတင်သွင်းလာပြီးတော့ ဒီမှာတပ်ဆင်မှာပေါ့။ပြည်တွင်းမှာတော့ ရောင်းဖို့အစီအစဉ် မရှိသေးပါဘူး။ ပြည်တွင်းမှာ ဝယ်လိုအားရှိတယ်ဆို ရင်တောင်မှ ကျွန်တော်တို့က အခြေခံ အဆောက်အဦတွေ လုပ်ရဦးမှာ”ဟု ၄င်းက ပြောခဲ့ပါတယ်။

 

          လက်ရှိတွင် ပြည်တွင်းစက်ရုံများတွင် လာရောက် တပ်ဆင်မည့် အဆင့်သာ ရှိသေးပြီး နောက်ပိုင်းတွင် အစိတ်အပိုင်းအချို့ကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နည်းပညာနှင့် အလုပ်အကိုင်များ ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

 

          စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက သာဂရစက်မှုနယ်မြေရှိ စက်ရုံများတွင် လျှပ်စစ် ဘတ်စကားများ ထုတ်လုပ်ရန် စီစဉ်နေသည်ဟုလည်း စက်တင်ဘာ ၆ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားခဲ့ပါတယ်။

 

          ပြည်တွင်း၌ အသုံးပြုရန်အတွက် အသင့်မဖြစ်သေးဟု ဝန်ကြီးဌာနက ဆိုသော်လည်း တရုတ်နိုင်ငံမှ Yuedi နည်းပညာ ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီဖြစ်သော KHAIN GKHAING SANGDA MOTORCAR FACTORY တို့ ပူးပေါင်းကာ ငါးယောက်စီးလျှပ်စစ်ကား အစီးရေ ၂၀ဝ၀ ကို ယခုလအတွင်း စတင်ထုတ်လုပ်သွားမည်ဟု သတင်းစာ ရှင်းလင်းထားခဲ့ပါတယ်။

 

          အဆိုပါကုမ္ပဏီများက လျှပ်စစ်ကားများကို KSD-V1 နှင့် KSD-V2 ဟူ၍ နှစ်မျိုး ထုတ်လုပ်မည်ဖြစ်ပြီး ကျပ်သိန်း ၁၄၀ နှင့် ကျပ် ၉၁ သိန်းနှုန်းဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကာ ငါးနှစ်အာမခံပေးမည်ဟု ဆိုထားသည်။ KSD-V1 အမျိုးအစားသည် တစ်နာရီလျှင် ကီလိုမီတာ ၈၀ သွားနိုင်မည်ဖြစ်ကာ KSD-V2 အမျိုးအစား သည် တစ်နာရီလျှင် ကီလိုမီတာ ၅၀ သွားနိုင်မည်ဟု ဆိုသည်။

 

Source : MYANMAR TIME

Published in Local Industry