Knowledge

ကမ္ဘာတစ်ဝန်းရှိ ထောင်ပေါင်းမက များစွာသောလူများသည် Wuhan မှာ ဖြစ်ပေါ်နေသော coronavirus လူပြောများဆုံး ဖြစ်ခဲ့ပြီး Wuhan တွင် ကူးစက်ခံသူ အများအပြားလဲ ရှိနေခဲ့ပါတယ်။

Published in Containers

            ကုန်သေတ္တာဆိုသည်မှာ နိုင်ငံတကာကစံအဖြစ်သတ်မှတ်ထားသည့် ကုန်ပစ္စည်းထည့်ရန်သေတ္တာဖြစ်ပြီး လုံခြုံစွာဖြင့် သင်္ဘောပေါ်တင်ဆောင်နိုင်ခြင်း၊ မြေပြင်တွင် ထားသိုနိုင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ထားသိုသည့် နေရာ (space) ကို ထိရောက်စွာအသုံးပြုနိုင်ရန် ပုံစံထုတ် ပြုလုပ်ထားပြီး ကား၊ ရထား သို့မဟုတ် သင်္ဘောတို့ဖြင့်သယ်ယူပို့ဆောင်နိုင်သည်။


          ကွန်တိန်နာတင်ယာဉ်တွေကို သတ်မှတ်ချိန်အတွင်းမှာပဲ ပြေးဆွဲဖို့ ရန်ကုန်တိုင်းအစိုးရက ပြီးခဲ့တဲ့နှစ်က ညွှန်ကြားချက်ထုတ်ခဲ့ပေမယ့် အခုချိန်မှာတော့ အဲဒီညွှန်ကြားချက်တွေကို ဖြေလျော့ပေးလိုက်ပြီလို့ ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

 

          ဒီနေ့ရန်ကုန်တိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်ကကွန်တိန်နာယာဉ်တွေနဲ့ပတ်သက်ပြီး အစိုးရရဲ့ ညွှန်ကြားချက် က အသက်ဝင်နေပါသေးလားဆိုတာနဲ့ ဘာကြောင့်အသက်မဝင်တော့သလဲဆိုတာကို အများပြည်သူသိရှိအောင် ဖြေကြားပေးဖို့ တိုင်းအစိုးရရဲ့ အစီအမံကို မေးမြန်းခဲ့တာပါ။

 

          ယာဉ်ကြောကြပ်တည်းမှုကိုဖြေရှင်းဖို့ဆိုပြီး ကွန်တိန်နာယာဉ်တွေကို ည၉နာရီကနေ မနက်၆နာရီထိသာပြေးဆွဲဖို့ ရန်ကုန်တိုင်းအစိုးရက ၂၀၁၇ဒီဇင်ဘာလမှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

 

          ဒါပေမယ့် ကုမ္ပဏီအသင်းအဖွဲ့တွေက တိုင်းအစိုးရကိုတင်ပြတာတွေရှိလို့ ကွန်တိန်နာယာဉ်ပြေးဆွဲမှုတွေကို ယာဉ်ကြောရှင်းလင်းတဲ့လမ်းကြောင်းတွေမှာနေ့ခင်းဖက်တွေမှာပါ အချိန်သတ်မှတ်မောင်းနှင်ခွင့်ပြုခဲ့တယ်လို့ ဒေါ်နီလာကျော်ကပြောပါတယ်။

 

          ကွန်တိန်နာယာဉ်တွေ၊ တွဲကားတွေဟာ လမ်းဘေးမှာ စည်းကမ်းမဲ့ ရပ်နားထားတာတွေ၊ လမ်းစည်းကမ်းကိုမလိုက်နာဘဲမောင်းနှင်တာတွေရှိနေတာကြောင့် ပြည်သူတွေစိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောပါတယ်။

 

          ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးကတော့ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း မလိုက်နာရင် မော်တော်ယာဉ်ဥပဒေအရအရေးယူဖို့ ကုန်သေတ္တာတင်ယာဉ်အသင်းနဲ့ ယာဉ်ထိန်းတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြန်လည် ဖြေကြားခဲ့တာပါ။

 

          ဒါ့အပြင် ကုန်တင်ယာဉ်တွေနဲ့ ကွန်တိန်နာကားတွေရပ်နားမယ့် ကားဝင်းတစ်ခု တည်ဆောက်ဖို့စီစဉ်နေတယ်လို ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောပါတယ်။

 

Source : 7 day daily

Published in Port News