တရုတ်ပြည်တွင်းဖြစ် ခရီးသည်လေယာဉ် ပထမဆုံးအကြိမ် လွှဲပြောင်းပေးအပ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံသည် ၎င်း၏ ပြည်တွင်း၌ ထုတ်လုပ်သော C919 ခရီးသည်တင် ဂျက်လေယာဉ်သစ်ကို ပထမဆုံးအကြိမ် ပေးပို့ခဲ့ကြောင်း သောကြာနေ့က ကြေညာခဲ့ပြီး အဆိုပါ လေယာဉ်သည် လာမည့်နှစ် အစောပိုင်းတွင် ပျံသန်းပြေးဆွဲမည် ဖြစ်သည်။
.
C919 ခရီးသည်တင်လေယာဉ်သည် Boeing 737 MAX နှင့် Airbus A320 ကဲ့သို့သော နိုင်ငံခြား မော်ဒယ်လ်များကို စိန်ခေါ်နိုင်မည်ဟု တရုတ်အစ်ုးရက မျှော်လင့်ထားသော်လည်း လေယာဉ် အစိတ်အပိုင်းအများစုသည် နိုင်ငံခြားမှ ရယူထားခြင်းဖြစ်သည်။
.
.
ခရီးသည် ၁၆၄ ဦး ဆံ့သော ကိုယ်ထည်ကျဉ်း ဂျက်လေယာဉ် ပထမဆုံး မော်ဒယ်ကို ရှန်ဟိုင်းမြို့ရှိ လေဆိပ်၌ ကျင်းပသည့် အခမ်းအနားတွင် China Eastern Airlines ထံ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ လေယာဉ်လုပ်ငန်း ခရီးရှည် သမိုင်းစဉ်အတွက် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံ CCTV က ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်ကို တရုတ်ပြည်တွင်း၌ နိုင်ငံပိုင် လုပ်ငန်း Commercial Aircraft Corp of China (COMAC) က တည်ဆောက်ခဲ့ပါသည်။
.
ပို့ဆောင်ပေးသည့် ခရီးသည်ဦးရေအရ တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး လေကြောင်းလိုင်း China Eastern Airlines အတွက် ၄ စီး တည်ဆောက်ပေးရမည်ဖြစ်သည်။ ၂၀၂၃ ပထမ ၃ လပတ်တွင် ပျံသန်းပြေးဆွဲမည် ဖြစ်သည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U