မြန်မာနှင့် တရုတ် သင်္ဘောသား ၂၂ ဦးပါ သစ်လုံးတင်သင်္ဘော Jin Tian ဂျပန်တွင် နစ်မြှုပ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
သင်္ဘောသား ၂၂ ဦး ပါတဲ့ ကုန်တင်သင်္ဘော Jin Tian သည် ဂျပန်နိုင်ငံ အနီးတွင် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင် နစ်မြုပ်ခဲ့ပါတယ်။
ကယ်ဆယ်ထားသည့် ၁၃ ဦးတွင် ၂ ဦး သေဆုံးကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ပြောကြားပါတယ်။
သင်္ဘောသား ဆယ့်သုံးဦးကို ယခုအချိန်အထိ ကယ်ဆယ်နိုင်ခဲ့ပြီး အနီးနားတွင် ကူးသန်းသွားလာနေသော သင်္ဘောက ၅ ဦး ၊ ဂျပန်လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ရဟတ်ယာဉ်က ၂ ဦး၊ တောင်ကိုရီးယား ရေတပ်ရဲတပ်ဖွဲ့မှ ခြောက်ဦးတို့ ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားပါတယ်။
ကျန်တဲ့ကိုးဦးကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါတယ်။
ကယ်တင်ခံရသူ ခြောက်ဦး သတိလစ်နေဆဲဖြစ်ပြီး နှစ်ဦးသေဆုံးကြောင်း ဂျပန်နိုင်ငံရှိ ကျိုဒိုသတင်းတွင် ဖော်ပြပါတယ်။
တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် တောင်ကိုရီးယားနှင့် ဂျပန်ကြား ရေပြင်တွင် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်ကမ်းခြေစောင့်သင်္ဘောတွေနဲ့ လေယာဉ်တွေအပြင် ကုန်တင်သင်္ဘောနှစ်စင်းက ပျောက်ဆုံးနေတဲ့ သင်္ဘောသားကိုးဦးကို ဆက်လက်ရှာဖွေနေပါတယ်။
ပြင်းထန်တဲ့ လေပြင်းတွေနဲ့ လှိုင်းလုံးတွေကြောင့် ကြိုးပမ်းမှုတွေ နှေးကွေးနေတယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘောအမှုထမ်း ၁၃ ဦးထက်မနည်းကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ၎င်းတို့ထဲမှ ၅ ဦးဖြစ်သည့် တရုတ်နိုင်ငံသားအားလုံးမှာ အသက်ရှင်လျက်ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။
Jin Tian သည် အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အရေးပေါ်ဖုန်းခေါ်ဆိုမှုပေးပို့ပြီးနောက် သုံးနာရီခွဲခန့်တွင် နစ်မြုပ်သွားခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ Shinya Kitahara က ပြောပါတယ်။
ဟောင်ကောင်တွင် မှတ်ပုံတင်ပြီး သစ်လုံးများတင်ဆောင်သည့် အဆိုပါသင်္ဘောသည် ဂျပန်နိုင်ငံ နာဂါဆာကီမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၁၆၀ အကွာတွင် နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ Jeju ကျွန်း တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာတွင် ဖြစ်ပါတယ်။
ကပ္ပတိန်က နံနက် ၂း၄၁ နာရီခန့်တွင် ကမ်းခြေစောင့်တပ်နှင့် ဂြိုဟ်တု ဖုန်းမှတစ်ဆင့် နောက်ဆုံး ဆက်သွယ်ခဲ့ပါတယ်။
သင်္ဘောမနစ်မြုပ်ခင် မိနစ်ပိုင်းအလိုမှာ သင်္ဘောသားတွေက သင်္ဘောကို စွန့်ပစ်မယ်လို့ ပြောခဲ့ကြောင်း ဂျယ်ဂျူး ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
သင်္ဘောအမှုထမ်းများဖြစ်တဲ့ တရုတ်နိုင်ငံသား ၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၈ ဦးတို့ အသက်ကယ်လှေများပေါ်သို့ ရောက်ရှိကြတယ်လို့ ယူဆရပါတယ်။
တောင်ကိုရီးယားနှင့် ဂျပန်အရာရှိများ၏ ပြောကြားချက်အရ သင်္ဘောသားအများစုမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး အခြားသူများမှာ မြန်မာနိုင်ငံမှ ဖြစ်ပါတယ်။
ရေကြောင်းပို့ဆောင်ရေး ဝက်ဘ်ဆိုဒ်များရဲ့ အဆိုအရ အဆိုပါသင်္ဘောသည် ဒီဇင်ဘာ ၃ ရက်က မလေးရှားနိုင်ငံ Port Klang မှ ထွက်ခွာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ အင်ချွန်းဆိပ်ကမ်းသို့ ဦးတည်သွားခဲ့ကြောင်း သိရပါတယ်။
သင်္ဘောကို ဟောင်ကောင် မှတ်ပုံတင်ထားသော ကုမ္ပဏီ Long Bright Shipping Limited က ပိုင်ဆိုင်ပါတယ်။ ၎င်းကုမ္ပဏီသည် Shenzhen Shekou Shipping Transportation Co., Ltd ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်ပါတယ်။
Source CNN
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U