ပင်လယ်နီတွင် ကားတင်သင်္ဘော အပိုင်စီးထားခြင်းကို ဂျပန် ရှုတ်ချ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်များက ပင်လယ်နီတွင် ဂျပန်ကုမ္ပဏီမှ ပြေးဆွဲနေသည့် ဗြိတိန်ပိုင် ကားတင်သင်္ဘော တစီးကို အပိုင်စီးထားသည့်အပေါ် ဂျပန်က ရှုတ်ချခဲ့သည်။
ဟူသီသူပုန်များက သင်္ဘောသည် အစ္စရေး သူဌေးပိုင်သည့် သင်္ဘော ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ သင်္ဘောကို ဖမ်းဆီးထားခြင်းသည် ပင်လယ်ပြင်တိုက်ပွဲ အစပြုလိုက်ခြင်းသာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရသူက ပြောကြားသည်။
ယီမင်နိုင်ငံ တောင်ပိုင်း ပင်လယ်နီတွင် ဖမ်းဆီးခံရသည့် သင်္ဘောသည် တူရကီမှ အိန္ဒိယသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ Israel Defense Forces (IDF) က ပြောကြားသည်။ သင်္ဘောသည် အစ္စရေးသင်္ဘော မဟုတ်ဟု IDF က ပြောကြားသည်။
ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဂျပန်ကုမ္ပဏီ Nippon Yusen (NYK Line)က စီမံဆောင်ရွက်နေသည့် သင်္ဘောဖြစ်ကြောင်း ပြောကြားသည်။
သင်္ဘောပြန်လွှတ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်က ပြောကြားသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟူသီကို ကျောထောက်နောက်ခံ ပြုပေးထားသည့် အီရန်အား သင်္ဘောအပိုင်စီးခြင်းအတွက် အပြစ်တင်ခဲ့သည်။
သင်္ဘောနှင့် အမှုထမ်းများသည် အစ္စရေးမဟုတ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။
"နိုင်ငံတကာသင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်တာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။
NYK Line ဟုလည်း သိကြသော ဂျပန်သင်္ဘောကုမ္ပဏီ Nippon Yusen က Galaxy Leader ဟုအမည်ပေးထားသည့် အဆိုပါ သင်္ဘောသည် ယီမင်နိုင်ငံ၊ Hodeida အနီး အိန္ဒိယသို့ ဦးတည်ခုတ်မောင်းနေစဉ် သင်္ဘောနှင့် သင်္ဘောသား ၂၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သင်္ဘောပေါ်တွင် ဘူဂေးရီးယား၊ မက္ကဆီကန်၊ ဖိလစ်ပိုင်နှင့် ယူကရိန်းနိုင်ငံသားများ ပါဝင်သည်ဟု ယူဆရသည်။
သင်္ဘောသားများတွင် ဂျပန်နိုင်ငံသား မပါကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်က ပြောကြားသည်။
ဟူသီ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya al-Sarea က အဆိုပါ သင်္ဘောသည် အစ္စရေးပိုင် သင်္ဘောဖြစ်ပြီး ယီမင်ရှိ ဆိပ်ကမ်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ပြောကြားသည်။
၎င်းကားတင်သင်္ဘော အမည်မှာ Galaxy Leader ဖြစ်ပြီး ဗြိတိန်မှ Isle of Man တွင် မှတ်ပုံတင်ထားသည့် Galaxy Maritime မှ ပိုင်ဆိုင်သည်။
Galaxy Maritime ကို Ray Car Carriers က ပိုင်ဆိုင်သည်။
Ray Car Carriers ကို အစ္စရေးစီးပွားရေးလုပ်ငန်းရှင် Abraham Ungar က ပူးတွဲပိုင်ဆိုင်သည်။
Source cnn
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL