Tips

Dr. Myo Nyein Aye နှင့် Logistics ဆိုင်ရာ ရောက်တတ်ရာရာ Interview

Dr. Myo Nyein Aye နှင့် Logistics ဆိုင်ရာ ရောက်တတ်ရာရာ Interview google

မေး ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ Logistics ကဏ္ဍနဲ့ ပတ်သက်တဲ့ အခြေအနေကို ဘယ်လို ပြောနိုင်မလဲ ခင်ဗျ။

 

ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ Logistics ရဲ့လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် အမြင် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ပထမဆုံးကတော့ ကမ္ဘာဘဏ်နဲ့ ပူးပေါင်း အဖွဲ့အစည်းတွေက စစ်တမ်းကောက်တဲ့ Logistics Performance Index (LPI) - ထောက်ပံ့ ဖြည့်ဆည်း စီမံဆောင်ရွက်နိုင်မှု အညွှန်းကိန်း - အရ ပြောချင်ပါတယ်။ ဒီအညွှန်းကိန်း တိုင်းတာမှု အရဆိုရင်တော့ နောက်ဆုံး ကောက်ယူခဲ့တဲ့ ၂၀၁၈ခုနှစ် စစ်တမ်းအရ နိုင်ငံပေါင်း (၁၆၀) မှာ ကျွန်တော်တို့ မြန်မာနိုင်ငံက အဆင့် (၁၃၇) မှာ ရှိနေတာ ဖြစ်ပါတယ်။ အဆင့်ခွဲခြားမှုအရ Logistics ကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် အများကြီး ကြိုးစားရဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။

 

Logistics ဆိုတဲ့ စကားလုံးနဲ့ Logistics ဝန်ဆောင်မှု လုပ်ငန်းတွေ လူသိများ လာတာက ကျွန်တော်တို့ နိုင်ငံမှာ ဆယ်စုနှစ် တစ်ခု သာသာ လောက်လို့ ထင်ပါတယ်။ ဒါကြောင့် Logistics နဲ့ ပတ်သက်ပြီး အစိုးရ ဌာနဆိုင်ရာတွေ ဘက်ကရော၊ ပုဂ္ဂလိက ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေဘက်ကပါ Logistics နဲ့ပက်သတ်လို့ ပူးပေါင်းဆောင်ရွက်ဖို့ အများကြီး လိုပါသေးတယ်လို့ သုံးသပ်ရမှာပါ။

 

တကယ်တော့ Logistics လို့ တွင်တွင်ကျယ်ကျယ် မခေါ်ဝေါ်သေးခင်ကတည်းက ဒီလို ဝန်ဆောင်မှု လုပ်ငန်းစဉ်တွေက သီးခြားစီ ရှိနေခဲ့တာပါ။ အဝေးပြေး၊ ခရီးတို စတဲ့ Transportation လုပ်ငန်းတွေဆိုလည်း Logistics လုပ်ငန်းများပါပဲ၊ အဲလိုပဲ ဆိပ်ကမ်း လုပ်ငန်းတွေ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှု လုပ်ငန်းတွေ ဆိုရင်လည်း Logistics လုပ်ငန်းများအနေနဲ့ မြင်သာနိုင်ပါတယ်။ Logistics လို့ အမည် နာမ,မတပ်ရသေးတာပဲရှိပါတယ်။

 

Logistics ကဏ္ဍ တိုးတက်ဖို့ရာအတွက် လမ်း၊ တံတား စတဲ့ ပို့ဆောင်ရေး အခြေခံ အဆောက်အဦ တွေနဲ့ communication စနစ်တွေ ကောင်းဖို့ လိုအပ်သလို၊ ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် အသုံးချနိုင်ဖို့လည်း အင်မတန် အရေးကြီးပါတယ်။ Information System တွေလို့ပြောရမယ့် ကွန်ပျူတာစနစ်တွေ၊ Electronic Data Interchange (EDI) လိုမျိုး စနစ်တွေနဲ့ ဝန်ဆောင်မှု အသုံးပြုတဲ့ ပြည်သူတွေနဲ့ ဘယ်လောက် အသားကျပြီလည်း၊ ဘယ်လောက် ရင်းနှီး ပြီလည်းဆိုတာလည်း တိုင်းတာရမယ့် အချက် တစ်ချက်ပါ။ အစစ အရာရာ တိုးတက်မှုနှုန်း နှေးနေတယ်ဆိုပေမယ့် ပြီးခဲ့တဲ့နှစ်တွေထက် စာရင်တော့ အစစအရာရာ တိုးတက်လာတာကို အားလုံးမြင်တွေ့ရမှာပါ။

 

မေး ။ ။ လာမယ့် နှစ်တွေမှာကော ဒီ LPI အညွှန်းကိန်း အဆင့် ရရှိမှု ပိုကောင်းလာဖို့ ရှိနိုင်ပါသလား။

 

ဖြေ ။ ။ Logistics ဆိုတာက နိုင်ငံရဲ့ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်မှု စတဲ့ နယ်ပယ်အားလုံးမှာ မရှိမဖြစ်လိုအပ်တဲ့ ကဏ္ဍ ဆိုတာကို အစိုးရ ပိုင်းကရော၊ ပုဂ္ဂိလကပိုင်းကရော အခြား ဆက်စပ်နယ်ပယ်များကပါ သိလာကြပြီဖြစ်လို့ တိုးတက်လာဖို့ရှိတယ်လို့ အကောင်းဖက်က တွေးပြီး မျှော်မှန်းရမှာပါပဲ။

 

ဒါပေမယ့် တစ်ခုရှိတာကတော့ ကိုယ့်တစ်နိုင်ငံတည်း မဟုတ်ပဲ အခြားနိုင်ငံတွေကပါ သူတို့နိုင်ငံရဲ့ Logistics ကဏ္ဍ တိုးတက်ဖို့ လုပ်ဆောင်နေကြမှာဖြစ်လို့ သူများနဲ့လိုက်မှီတာဖြစ်ဖြစ်၊ အဆင့် ကောင်းမွန် သွားဖို့ပဲဖြစ်ဖြစ် လိုချင်တယ်ဆိုရင်တော့ ဒီထက်အများကြီးအဖက်ဖက်က ကြိုးစားဖို့ လိုဦးမယ် ဆိုတာ အသေအချာပါပဲ။

 

Logistics ကဏ္ဍ တိုးတက်ဖို့အတွက် Soft Component ကော၊ Hard Component တွေပါ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်ဖို့ လိုပါတယ်။ Soft Component ဆိုတာကတော့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး ဆိုင်ရာ ဥပဒေတွေ၊ နည်း ဥပဒေတွေကို ဒေသတွင်း နဲ့ နိုင်ငံတကာ သတ်မှတ်ချက်တွေနဲ့ အညီ ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြု၊ ပြဌာန်းပြီး ထိထိရောက်ရောက် အသုံးချ နိုင်အောင် ဆောင်ရွက်ရပါမယ်။ အစိုးရနဲ့ ပုဂ္ဂလိက နယ်ပယ် အကြားမှာ Logistics ဆိုင်ရာ စီမံကိန်း လုပ်ငန်းတွေ၊ လုပ်ငန်းစဉ်တွေ လွယ်ကူ ရိုးရှင်းစွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ပံ့ပိုး၊ ဖြည့်ဆည်း၊ စောင့်ကြည့်၊ ထိမ်းကွပ်တဲ့ အေဂျင်စီ လိုမျိုး ဖွဲ့စည်း ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ Logistics ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေ၊ ဝန်ဆောင်မှု သုံးစွဲသူ ပြည်သူတွေ အားလုံးကို Logistics နဲ့ ပတ်သက်တဲ့ လူစွမ်းအရင်းအမြစ် ဖွံ့ဖြိုးရေး အစီအစဉ်တွေ ဆောင်ရွက် ပေးဖို့ လိုအပ်ပါတယ်။

 

Hard Component အနေနဲ့ကတော့ ပိုပြီး ရှင်းလင်းပါတယ်။ Logistics ဆိုင်ရာ အခြေခံ အဆောက်အဦတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဖို့၊ ပြည်တွင်း/ ပြည်ပ ပို့ဆောင်ရေး လမ်းကြောင်းတွေ၊ ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု စြင်္ကံလမ်းတွေ ချောမွေ့အောင် စီစဉ်ဖို့၊ ဘက်စုံ ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေအတွက် ကုန်းလမ်း၊ ရထားလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း အကောင်းဆုံး ပေါင်းစပ် ဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့ ဆိပ်ကမ်း၊ ဘူတာ၊ ကားဂိတ်၊ ကုန်းတွင်းဆိပ်ကမ်း၊ လမ်း၊ နေရာ၊ ဂိုဒေါင်၊ ဗဟို ဌာန စတာတွေ တည်ဆောက် ပံ့ပိုးပေးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 

မေး ။ ။ Logistics ဆိုင်ရာ သင်တန်းကျောင်းတွေ၊ လုပ်ငန်း အဖွဲ့အစည်းတွေ အနေနဲ့ကော ဘယ်လိုများ အထောက်အပံ့ ဖြစ်စေနိုင်ပါသလဲ။

 

ဖြေ ။ ။ Logistics နဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ ဒီပလိုမာ အထိ သင်ယူနိုင်တဲ့ ကျောင်းတွေ၊ အဖွဲ့အစည်းတွေ ကလည်း Logistics ကဏ္ဍ တိုးတက်ဖို့အတွက် တစ်ဖက် တစ်လမ်းက အထောက်အပံ့ ဖြစ်စေပါတယ်။ Logistics တို့၊ Supply Chain တို့ကို စိတ်ပါဝင်စား နားလည်တဲ့သူတွေ များလာဖို့ လိုပါတယ်။ လက်တွေ့ ဝန်ဆောင်မှု အတွေ့အကြုံတွေ လိုသလို၊ သီအိုရီ စာတွေ့ တွေလည်း လိုပါတယ်။

 

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် မှာဆိုရင် Diploma in Transport and Logistics Management (၁) နှစ် သင်တန်း ဖွင့်လှစ်ခဲ့တာ အခုဆိုရင် (၄) ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။ စီးပွားရေးတက္ကသိုလ်မှာဆိုရင်လည်း MBA သင်ရိုးမှာ Logistics and Supply Chain Management ဘာသာရပ်ကိုထည့်သွင်း သင်ကြားလာတာက တော်တော်တောင် ကြာခဲ့ပါပြီလို့ ဆိုနိုင်ပါတယ်။

 

MIFFA မှာလည်း Logistics နဲ့ ပါတ်သက်တဲ့ သင်တန်းတွေ အဆက်မပြတ် ဖွင့်ပေးနေပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတကာရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ Global brand တွေ ဝင်ရောက်လာမှုပါ။ KFC ၊ Starbucks နဲ့ Coca Cola စတဲ့ နာမည်ကြီး လုပ်ငန်းတွေ ဝင်ရောက်လာမှုကြောင့် အဲဒီလို လုပ်ငန်းတွေရဲ့ Logistics ကို ကျွန်တော်တို့ဆီကလူငယ်တွေ လေ့လာခွင့်ရလာ ကြပါတယ်။ အများကြီးလေ့လာနိုင်လေလေ ကိုယ့်နိုင်ငံရဲ့တိုးတက်မှုအတွက် အထောက်အကူပြုလေလေလို့ပဲ မြင်ပါတယ်။

 

Logistics ကဏ္ဍလို့ဆိုလိုက်ရင် အရင်ဆုံးပြေးမြင်မိကြတာက Freight Forwarding လုပ်တယ်တို့၊ ကုန်တွေပို့တယ် ကုန်တွေသယ်တယ် ဆိုတာတွေ ဖြစ်ပါလိမ့်မယ်။ Logistics ရဲ့အဓိပ္ပာယ်ကိုက ထောက်ပံ့ ဖြည့်ဆည်း စီမံဆောင်ရွက်မှုပါ။ ဒါကြောင့် စီမံဆောင်ရွက်ရမှုတွေ ပါလာပါတယ်။ ဒီအပိုင်းအတွက် နိုင်ငံတကာ အတွေ့အကြုံရှိပြီးသား ကုမ္ပဏီကြီးတွေ၊ နိုင်ငံခြားသား ပညာရှင်တွေ ဒီမှာလာပြီး ဦးဆောင်နေတဲ့ Logistics လုပ်ငန်းကြီးတွေကိုလည်း တွေ့ရပါတယ်။ ကိုယ့်နိုင်ငံသား တွေထဲကပဲ နိုင်ငံတကာ အတွေ့အကြုံတွေ၊ ဗဟုသုတတွေသင်ယူပြီး ပြည်တွင်း standard ထက်ကျော်လွန်ပြီး international standard အဆင့်ထိ ဝန်ဆောင်မှု ပေးနေကြတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။

 

ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး Benchmarking လုပ်လေ့လုပ်ထရှိတဲ့အကျင့်ကတော့ ကျွန်တော်တို့ဆီမှာ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူးလို့ ထင်ပါတယ်။ နိုင်ငံတကာမှာ ဆိုရင်တော့ ဥပမာအားဖြင့် Fast Food လုပ်ငန်းမျိုးတွေမှာ ဘယ်ဆိုင်၊ ဘယ် တံဆိပ်ကတော့ စားသုံးသူတွေကို စိတ်ကျေနပ်မှု အပေးနိုင်ဆုံး၊ ဘယ်ဆိုင် ကတော့ အဆင်ပြေမှု မရှိဘူး စသည်ဖြင့် အမှတ်ပေးတာတွေ၊ ပြည်သူလူထု သိအောင် ထုတ်ပြန်တာတွေ ရှိကြပါတယ်။

 

ဒါကြောင့် ဘယ် Logistics လုပ်ငန်းတွေက ဘယ်လောက်အောင်မြင်နေလဲဆိုတာကို အမြင်နဲ့ သုံးသပ်ရတာ နည်းနည်းတော့ ခက်ပါတယ်။ ပြောရရင်တော့ နိုင်ငံတကာ Logistics ကုမ္ပဏီကြီးတွေနဲ့ ပြည်တွင်း Logistics ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှု ထက်စာရင် ပူးပေါင်းမှုကနေ ဘယ်လိုမျိုး အကျိုး ရှိစေမလဲ၊ ဘယ်လိုမျိုးတိုးတက်စေမလဲဆိုတာကို ပိုပြီးတော့ ဦးတည် ရည်ရွယ် ဆောင်ရွက်ပြီး နိုင်ငံရဲ့ Logistics ကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ်လို့ အကောင်းဘက်ကနေတွေးပြီး မျှော်လင့်မိပါတယ်။

 

ZawGyi 

>>>>>>>

 

Dr. Myo Nyein Aye ႏွင့္ Logistics ဆိုင္ရာ ေရာက္တတ္ရာရာ Interview

 

ေမး ။ ။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိ Logistics က႑နဲ႔ ပတ္သက္တဲ့ အေျခအေနကို ဘယ္လို ေျပာႏိုင္မလဲ ခင္ဗ်။

 

ေျဖ ။ ။ ျမန္မာႏိုင္ငံရဲ႕ Logistics ရဲ႕လက္ရွိအေျခအေနကို ေျပာရမယ္ဆိုရင္ အျမင္ အမ်ိဳးမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ပထမဆုံးကေတာ့ ကမာၻဘဏ္နဲ႔ ပူးေပါင္း အဖြဲ႕အစည္းေတြက စစ္တမ္းေကာက္တဲ့ Logistics Performance Index (LPI) - ေထာက္ပံ့ ျဖည့္ဆည္း စီမံေဆာင္႐ြက္ႏိုင္မႈ အၫႊန္းကိန္း - အရ ေျပာခ်င္ပါတယ္။ ဒီအၫႊန္းကိန္း တိုင္းတာမႈ အရဆိုရင္ေတာ့ ေနာက္ဆုံး ေကာက္ယူခဲ့တဲ့ ၂၀၁၈ခုႏွစ္ စစ္တမ္းအရ ႏိုင္ငံေပါင္း (၁၆၀) မွာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံက အဆင့္ (၁၃၇) မွာ ရွိေနတာ ျဖစ္ပါတယ္။ အဆင့္ခြဲျခားမႈအရ Logistics က႑ ဖြံ႕ၿဖိဳးဖို႔အတြက္ အမ်ားႀကီး ႀကိဳးစားရဦးမယ့္ အေျခအေနမွာ ရွိေနပါတယ္။

 

Logistics ဆိုတဲ့ စကားလုံးနဲ႔ Logistics ဝန္ေဆာင္မႈ လုပ္ငန္းေတြ လူသိမ်ား လာတာက ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ဆယ္စုႏွစ္ တစ္ခု သာသာ ေလာက္လို႔ ထင္ပါတယ္။ ဒါေၾကာင့္ Logistics နဲ႔ ပတ္သက္ၿပီး အစိုးရ ဌာနဆိုင္ရာေတြ ဘက္ကေရာ၊ ပုဂၢလိက ဝန္ေဆာင္မႈ လုပ္ငန္း ေဆာင္႐ြက္ေနၾကတဲ့ အဖြဲ႕အစည္းေတြဘက္ကပါ Logistics နဲ႔ပက္သတ္လို႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ အမ်ားႀကီး လိုပါေသးတယ္လို႔ သုံးသပ္ရမွာပါ။

 

တကယ္ေတာ့ Logistics လို႔ တြင္တြင္က်ယ္က်ယ္ မေခၚေဝၚေသးခင္ကတည္းက ဒီလို ဝန္ေဆာင္မႈ လုပ္ငန္းစဥ္ေတြက သီးျခားစီ ရွိေနခဲ့တာပါ။ အေဝးေျပး၊ ခရီးတို စတဲ့ Transportation လုပ္ငန္းေတြဆိုလည္း Logistics လုပ္ငန္းမ်ားပါပဲ၊ အဲလိုပဲ ဆိပ္ကမ္း လုပ္ငန္းေတြ ပင္လယ္ေရေၾကာင္း သယ္ယူပို႔ေဆာင္မႈ လုပ္ငန္းေတြ ဆိုရင္လည္း Logistics လုပ္ငန္းမ်ားအေနနဲ႔ ျမင္သာႏိုင္ပါတယ္။ Logistics လို႔ အမည္ နာမ,မတပ္ရေသးတာပဲရွိပါတယ္။

 

Logistics က႑ တိုးတက္ဖို႔ရာအတြက္ လမ္း၊ တံတား စတဲ့ ပို႔ေဆာင္ေရး အေျခခံ အေဆာက္အဦ ေတြနဲ႔ communication စနစ္ေတြ ေကာင္းဖို႔ လိုအပ္သလို၊ ေကာင္းေကာင္းမြန္မြန္ ထိထိေရာက္ေရာက္ အသုံးခ်ႏိုင္ဖို႔လည္း အင္မတန္ အေရးႀကီးပါတယ္။ Information System ေတြလို႔ေျပာရမယ့္ ကြန္ပ်ဴတာစနစ္ေတြ၊ Electronic Data Interchange (EDI) လိုမ်ိဳး စနစ္ေတြနဲ႔ ဝန္ေဆာင္မႈ အသုံးျပဳတဲ့ ျပည္သူေတြနဲ႔ ဘယ္ေလာက္ အသားက်ၿပီလည္း၊ ဘယ္ေလာက္ ရင္းႏွီး ၿပီလည္းဆိုတာလည္း တိုင္းတာရမယ့္ အခ်က္ တစ္ခ်က္ပါ။ အစစ အရာရာ တိုးတက္မႈႏႈန္း ေႏွးေနတယ္ဆိုေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ေတြထက္ စာရင္ေတာ့ အစစအရာရာ တိုးတက္လာတာကို အားလုံးျမင္ေတြ႕ရမွာပါ။

 

ေမး ။ ။ လာမယ့္ ႏွစ္ေတြမွာေကာ ဒီ LPI အၫႊန္းကိန္း အဆင့္ ရရွိမႈ ပိုေကာင္းလာဖို႔ ရွိႏိုင္ပါသလား။

 

ေျဖ ။ ။ Logistics ဆိုတာက ႏိုင္ငံရဲ႕ ကုန္သြယ္ေရး၊ စီးပြားေရး၊ ကုန္ထုတ္လုပ္မႈ စတဲ့ နယ္ပယ္အားလုံးမွာ မရွိမျဖစ္လိုအပ္တဲ့ က႑ ဆိုတာကို အစိုးရ ပိုင္းကေရာ၊ ပုဂၢိလကပိုင္းကေရာ အျခား ဆက္စပ္နယ္ပယ္မ်ားကပါ သိလာၾကၿပီျဖစ္လို႔ တိုးတက္လာဖို႔ရွိတယ္လို႔ အေကာင္းဖက္က ေတြးၿပီး ေမွ်ာ္မွန္းရမွာပါပဲ။

 

ဒါေပမယ့္ တစ္ခုရွိတာကေတာ့ ကိုယ့္တစ္ႏိုင္ငံတည္း မဟုတ္ပဲ အျခားႏိုင္ငံေတြကပါ သူတို႔ႏိုင္ငံရဲ႕ Logistics က႑ တိုးတက္ဖို႔ လုပ္ေဆာင္ေနၾကမွာျဖစ္လို႔ သူမ်ားနဲ႔လိုက္မွီတာျဖစ္ျဖစ္၊ အဆင့္ ေကာင္းမြန္ သြားဖို႔ပဲျဖစ္ျဖစ္ လိုခ်င္တယ္ဆိုရင္ေတာ့ ဒီထက္အမ်ားႀကီးအဖက္ဖက္က ႀကိဳးစားဖို႔ လိုဦးမယ္ ဆိုတာ အေသအခ်ာပါပဲ။

 

Logistics က႑ တိုးတက္ဖို႔အတြက္ Soft Component ေကာ၊ Hard Component ေတြပါ ဟန္ခ်က္ညီညီ ဖြံ႕ၿဖိဳး တိုးတက္ဖို႔ လိုပါတယ္။ Soft Component ဆိုတာကေတာ့ ပို႔ေဆာင္ေရး၊ ဆက္သြယ္ေရး ဆိုင္ရာ ဥပေဒေတြ၊ နည္း ဥပေဒေတြကို ေဒသတြင္း နဲ႔ ႏိုင္ငံတကာ သတ္မွတ္ခ်က္ေတြနဲ႔ အညီ ျပင္ဆင္၊ ျဖည့္စြက္၊ အတည္ျပဳ၊ ျပဌာန္းၿပီး ထိထိေရာက္ေရာက္ အသုံးခ် ႏိုင္ေအာင္ ေဆာင္႐ြက္ရပါမယ္။ အစိုးရနဲ႔ ပုဂၢလိက နယ္ပယ္ အၾကားမွာ Logistics ဆိုင္ရာ စီမံကိန္း လုပ္ငန္းေတြ၊ လုပ္ငန္းစဥ္ေတြ လြယ္ကူ ႐ိုးရွင္းစြာ အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ ပံ့ပိုး၊ ျဖည့္ဆည္း၊ ေစာင့္ၾကည့္၊ ထိမ္းကြပ္တဲ့ ေအဂ်င္စီ လိုမ်ိဳး ဖြဲ႕စည္း ေဆာင္႐ြက္ေပးႏိုင္ဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္ သက္ဆိုင္ရာ Logistics ဝန္ေဆာင္မႈ လုပ္ငန္းေတြမွာ ဝင္ေရာက္လုပ္ကိုင္ေနၾကတဲ့ ဝန္ထမ္းေတြ၊ ဝန္ေဆာင္မႈ သုံးစြဲသူ ျပည္သူေတြ အားလုံးကို Logistics နဲ႔ ပတ္သက္တဲ့ လူစြမ္းအရင္းအျမစ္ ဖြံ႕ၿဖိဳးေရး အစီအစဥ္ေတြ ေဆာင္႐ြက္ ေပးဖို႔ လိုအပ္ပါတယ္။

 

 

Screenshot from 2019 08 16 11 14 48

 

 

Hard Component အေနနဲ႔ကေတာ့ ပိုၿပီး ရွင္းလင္းပါတယ္။ Logistics ဆိုင္ရာ အေျခခံ အေဆာက္အဦေတြ တိုးတက္ေကာင္းမြန္ေအာင္ လုပ္ဖို႔၊ ျပည္တြင္း/ ျပည္ပ ပို႔ေဆာင္ေရး လမ္းေၾကာင္းေတြ၊ ေထာက္ပံ့ျဖည့္ဆည္း စီမံေဆာင္႐ြက္မႈ စႀကႍလမ္းေတြ ေခ်ာေမြ႕ေအာင္ စီစဥ္ဖို႔၊ ဘက္စုံ ပို႔ေဆာင္ေရး လုပ္ငန္းစဥ္ေတြအတြက္ ကုန္းလမ္း၊ ရထားလမ္း၊ ေရလမ္း၊ ေလေၾကာင္းလမ္း အေကာင္းဆုံး ေပါင္းစပ္ ေဆာင္႐ြက္ႏိုင္ဖို႔ အတြက္ လိုအပ္တဲ့ ဆိပ္ကမ္း၊ ဘူတာ၊ ကားဂိတ္၊ ကုန္းတြင္းဆိပ္ကမ္း၊ လမ္း၊ ေနရာ၊ ဂိုေဒါင္၊ ဗဟို ဌာန စတာေတြ တည္ေဆာက္ ပံ့ပိုးေပးႏိုင္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

 

ေမး ။ ။ Logistics ဆိုင္ရာ သင္တန္းေက်ာင္းေတြ၊ လုပ္ငန္း အဖြဲ႕အစည္းေတြ အေနနဲ႔ေကာ ဘယ္လိုမ်ား အေထာက္အပံ့ ျဖစ္ေစႏိုင္ပါသလဲ။

 

ေျဖ ။ ။ Logistics နဲ႔ ပတ္သက္တဲ့ သင္တန္းေတြ၊ ဒီပလိုမာ အထိ သင္ယူႏိုင္တဲ့ ေက်ာင္းေတြ၊ အဖြဲ႕အစည္းေတြ ကလည္း Logistics က႑ တိုးတက္ဖို႔အတြက္ တစ္ဖက္ တစ္လမ္းက အေထာက္အပံ့ ျဖစ္ေစပါတယ္။ Logistics တို႔၊ Supply Chain တို႔ကို စိတ္ပါဝင္စား နားလည္တဲ့သူေတြ မ်ားလာဖို႔ လိုပါတယ္။ လက္ေတြ႕ ဝန္ေဆာင္မႈ အေတြ႕အႀကဳံေတြ လိုသလို၊ သီအိုရီ စာေတြ႕ ေတြလည္း လိုပါတယ္။

 

ျမန္မာႏိုင္ငံ ေရေၾကာင္းပညာ တကၠသိုလ္ မွာဆိုရင္ Diploma in Transport and Logistics Management (၁) ႏွစ္ သင္တန္း ဖြင့္လွစ္ခဲ့တာ အခုဆိုရင္ (၄) ႀကိမ္ေျမာက္ ရွိၿပီ ျဖစ္ပါတယ္။ စီးပြားေရးတကၠသိုလ္မွာဆိုရင္လည္း MBA သင္႐ိုးမွာ Logistics and Supply Chain Management ဘာသာရပ္ကိုထည့္သြင္း သင္ၾကားလာတာက ေတာ္ေတာ္ေတာင္ ၾကာခဲ့ပါၿပီလို႔ ဆိုႏိုင္ပါတယ္။

 

MIFFA မွာလည္း Logistics နဲ႔ ပါတ္သက္တဲ့ သင္တန္းေတြ အဆက္မျပတ္ ဖြင့္ေပးေနပါတယ္။ ေနာက္တစ္ခုကေတာ့ ႏိုင္ငံတကာရဲ႕ စီးပြားေရးလုပ္ငန္းေတြနဲ႔ Global brand ေတြ ဝင္ေရာက္လာမႈပါ။ KFC ၊ Starbucks နဲ႔ Coca Cola စတဲ့ နာမည္ႀကီး လုပ္ငန္းေတြ ဝင္ေရာက္လာမႈေၾကာင့္ အဲဒီလို လုပ္ငန္းေတြရဲ႕ Logistics ကို ကြၽန္ေတာ္တို႔ဆီကလူငယ္ေတြ ေလ့လာခြင့္ရလာ ၾကပါတယ္။ အမ်ားႀကီးေလ့လာႏိုင္ေလေလ ကိုယ့္ႏိုင္ငံရဲ႕တိုးတက္မႈအတြက္ အေထာက္အကူျပဳေလေလလို႔ပဲ ျမင္ပါတယ္။

 

Screenshot from 2019 08 16 11 14 39

 

Logistics က႑လို႔ဆိုလိုက္ရင္ အရင္ဆုံးေျပးျမင္မိၾကတာက Freight Forwarding လုပ္တယ္တို႔၊ ကုန္ေတြပို႔တယ္ ကုန္ေတြသယ္တယ္ ဆိုတာေတြ ျဖစ္ပါလိမ့္မယ္။ Logistics ရဲ႕အဓိပၸာယ္ကိုက ေထာက္ပံ့ ျဖည့္ဆည္း စီမံေဆာင္႐ြက္မႈပါ။ ဒါေၾကာင့္ စီမံေဆာင္႐ြက္ရမႈေတြ ပါလာပါတယ္။ ဒီအပိုင္းအတြက္ ႏိုင္ငံတကာ အေတြ႕အႀကဳံရွိၿပီးသား ကုမၸဏီႀကီးေတြ၊ ႏိုင္ငံျခားသား ပညာရွင္ေတြ ဒီမွာလာၿပီး ဦးေဆာင္ေနတဲ့ Logistics လုပ္ငန္းႀကီးေတြကိုလည္း ေတြ႕ရပါတယ္။ ကိုယ့္ႏိုင္ငံသား ေတြထဲကပဲ ႏိုင္ငံတကာ အေတြ႕အႀကဳံေတြ၊ ဗဟုသုတေတြသင္ယူၿပီး ျပည္တြင္း standard ထက္ေက်ာ္လြန္ၿပီး international standard အဆင့္ထိ ဝန္ေဆာင္မႈ ေပးေနၾကတဲ့ ကုမၸဏီ အဖြဲ႕အစည္းေတြလည္း ရွိပါတယ္။

 

ဝန္ေဆာင္မႈ လုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး Benchmarking လုပ္ေလ့လုပ္ထရွိတဲ့အက်င့္ကေတာ့ ကြၽန္ေတာ္တို႔ဆီမွာ သိပ္ၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ မရွိေသးပါဘူးလို႔ ထင္ပါတယ္။ ႏိုင္ငံတကာမွာ ဆိုရင္ေတာ့ ဥပမာအားျဖင့္ Fast Food လုပ္ငန္းမ်ိဳးေတြမွာ ဘယ္ဆိုင္၊ ဘယ္ တံဆိပ္ကေတာ့ စားသုံးသူေတြကို စိတ္ေက်နပ္မႈ အေပးႏိုင္ဆုံး၊ ဘယ္ဆိုင္ ကေတာ့ အဆင္ေျပမႈ မရွိဘူး စသည္ျဖင့္ အမွတ္ေပးတာေတြ၊ ျပည္သူလူထု သိေအာင္ ထုတ္ျပန္တာေတြ ရွိၾကပါတယ္။

 

ဒါေၾကာင့္ ဘယ္ Logistics လုပ္ငန္းေတြက ဘယ္ေလာက္ေအာင္ျမင္ေနလဲဆိုတာကို အျမင္နဲ႔ သုံးသပ္ရတာ နည္းနည္းေတာ့ ခက္ပါတယ္။ ေျပာရရင္ေတာ့ ႏိုင္ငံတကာ Logistics ကုမၸဏီႀကီးေတြနဲ႔ ျပည္တြင္း Logistics ကုမၸဏီေတြရဲ႕ ၿပိဳင္ဆိုင္မႈ ထက္စာရင္ ပူးေပါင္းမႈကေန ဘယ္လိုမ်ိဳး အက်ိဳး ရွိေစမလဲ၊ ဘယ္လိုမ်ိဳးတိုးတက္ေစမလဲဆိုတာကို ပိုၿပီးေတာ့ ဦးတည္ ရည္႐ြယ္ ေဆာင္႐ြက္ၿပီး ႏိုင္ငံရဲ႕ Logistics က႑ ပိုမို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္မယ္လို႔ အေကာင္းဘက္ကေနေတြးၿပီး ေမွ်ာ္လင့္မိပါတယ္။

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)